Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 21, 2014

ပင်လယ်ထဲ ပစ်ချခံရသူ မြန်မာရေလုပ်သားကို ကယ်ဆယ်ပုံမှတ်တမ်း

အခုရက်ပိုင်း အွန်လိုင်းမှာ လူစိတ်ဝင်စားတဲ့ အကြောင်းအရာတခုပါ။ ဒါကတော့ မြန်မာပင်လယ်လုပ်သား တဦးကို အတ္တမန် ပင်လယ်ထဲ မျောနေတာကို သင်္ဘောကြီးတစီးက မြင်တွေ့ပြီး ကယ်ဆယ်ခဲ့တဲ့ ရုပ်/သံ မှတ်တမ်း ဖြစ်ပါတယ်။ 
မြန်မာရေလုပ်သားဟာ မြန်မာပင်လယ်လှေသင်္ဘောတစီးနဲ့ အလုပ်လုပ်ဖို့ လိုက်ပါလာခဲ့သူဖြစ်ပြီး သင်္ဘော
ပေါ်ကနေ့ သူ့ကို ပင်လယ်ထဲ ပစ်ချထားခဲ့အပြီး ၄ နာရီကျော်အကြာ ပင်လယ်ပြင်မှာ ကူး ခတ်နေစဉ် မှာ အခုလို နိုင်ငံခြား သင်္ဘောတစီးက မြင်တွေ့ပြီး ကူညီခဲ့တာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ် မှတ်တမ်းကို ၂၀၁၃ ခုနှစ် သြဂုတ်လက ယူကျုပေါ် တင်ထားတာဖြစ်ပါတယ်။ ဖြစ်ရပ်အချိန် အတိအကျကိုတော့ သေချာ မရှင်းလင်းပါဘူး။ မြန်မာပင်လယ်ရေလုပ်သားကတော့ သေကံ မပျောက်ဘဲ အသက်ရှင်ခွင့် ရသွားခဲ့ပါတယ်။ 

ပင်လယ်ပြင်ထဲမှာ အခုလို မကျေမလည်ဖြစ်တာနဲ့ အသက်သေဆုံးစေဖို့ ပင်လယ်ထဲ ပစ်ချကြတဲ့ ဖြစ်စဉ် 
တွေ အတော်များများ ရှိတယ်လို့ မြန်မာရေလုပ်သား သတင်းရပ်ကွက်တွေက ပြောဆိုတတ်ကြပါတယ်။ 
အိမ့်သံစဉ် ~ 

No comments:

Post a Comment