Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 3, 2014

ဖို့ဟုဒ် သေနတ်သမား အိုင်ဗန်နိုဗစ်ခ်ျမှာ စိတ်ပိုင်းဆိုင်ရာ ပြဿ နာရှိတစ်ဦးဖြစ်



ဧပြီ ၃။
ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ဖို့ဟုဒ် ပစ်ခတ်မှုတွင် သေနတ်သမားမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရရှိနေပြီး စိတ်ဓာတ်ကျဆင်းမှုနှင့် စိုးရိမ်ပူပန်မှုများအတွက် ကုသမှု ခံယူနေရသော သူ ဖြစ်ကြောင်း သိရှိရသည်။ ပစ်ခတ်မှုတွင် လူသုံးဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ပစ်ခတ်မှုအပြီး နာရီ အနည်းငယ် အကြာတွင် ၎င်းပစ်ခတ်သူမှာ စစ်တပ်မှ ဒုအရာခံဗိုလ်အဆင့်ရှိ အိုင်ဗန်လိုပက်ဇ် ဖြစ်ကြောင်း တက္ကဆက်မှ အောက်လွှတ်တော်အမတ် မိုက်ကယ်မက်ကောမှ သက်မှတ်ဖော်ထုတ်ခဲ့သည်။ သို့ရာတွင် မည်သည့် အကြောင်းကြောင့် အခြား စစ်သားများနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းကို ပြုလုပ်သွားကြောင်းကို ပြောဆိုမှု မရှိခဲ့ချေ။
“ ဒီစစ်သားမှာ စိတ်ကျန်းမာရေး ဆိုင်ရာ အပြုအမူ ပြဿနာ ရှိပြီး ကုသမှု ခံယူနေရတယ် ဆိုတာ ကျွန်တော်တို့ သိပါပြီ ” ဟု တက္ကဆက် အခြေစိုက် တပ်မ ၃ မှ အကြီးအကဲ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မက်ခ်မီလီမှ ပြောကြားခဲ့သည်။
လိုပက်ဇ်သည် စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာရပ်ကြောင့် အကဲဖြတ်ခံနေရပြီး ရောဂါဖြစ်ပွားမှု အကြောင်းရင်းကို စစ်ဆေးမှု မပြုရသေးပေ။
လိုပက်ဇ်၏ နာမည်အား မဖော်ထုတ်မှီ မိသားစုအား အကြောင်းကြားရန် စစ်တပ် အရာရှိများမှ စောင့်ဆိုင်းမှု ပြုခဲ့ကြောင်း မီလီမှ ထပ်မံ ပြောကြားခဲ့သည်။
ဆေးကုသမှု ခံယူနေရသူ လိုပက်ဇ်မှာ ၂၀၁၁ ခုနှစ်က အီရတ်တွင် လေးလကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာရပ်အတွက် စစ်ဆေးခံခဲ့ရကြောင်းနှင့် မှတ်တမ်းများအတွင်း စစ်မြေပြင်တွင် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း မီလီမှ ပြောဆိုသွားခဲ့သည်။
လိုပက်ဇ်တွင် ရာဇဝတ် မှတ်တမ်းများ ရှိ၊ မရှိကို စုံစမ်းစစ်ဆေးသူများမှ လိုက်လံ ရှာဖွေနေပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စစ်မြေပြင် အတွေ့အကြုံများကို သိရှိရန် လေ့လာလျက် ရှိသည်။ ၎င်းပစ်ခတ်မှုတွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်မှုရှိသော သက်သေများကို မတွေ့ရသော်လည်း မည်သည့် အချက်အလက်ကိုမှ ဆုံးဖြတ်ခြင်း မပြုသေးကြောင်း မီလီမှ ပြောဆိုခဲ့သည်။
“ အများက ကျွန်တော်တို့ လုပ်မယ်လို့ မျှော်လင့်တဲ့ အရာတွေ အကုန်လုံးကို အခု လုပ်ကိုင်နေပါတယ် ” ဟု ထပ်မံ ပြောဆိုသွားသည်။
ဝ.၄၅ ကာလီဘာ၊ Smith & Wesson ထုတ် လက်ကိုင်သေနတ် ကိုင်ဆောင်ခဲ့သည့် စစ်သား လိုပက်ဇ်မှာ လက်ထပ်ထားခဲ့ပြီး မိသားစု ရှိသူလည်း ဖြစ်သည်။ မိသားစုဝင်များမှာ ဖို့ဟုဒ် ဒေသအတွင်း နေထိုင်လျက် ရှိကြောင်း သိရှိရသည်။
ပစ်ခတ်မှုတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများမှာ စစ်မှုထမ်းများ ဖြစ်ကြသည်။ တိုက်ပွဲဝင် ဝတ်စုံကို ဝတ်ထားသော လိုပက်ဇ်နှင့် အမျိုးသမီး စစ်မှုထမ်းတစ်ဦး ယာဉ်ရပ်နားရာ နေရာတွင် တွေ့ဆုံမိကြပြီး ၎င်းအမျိုးသမီး စစ်မှုထမ်းမှ ပြန်လည် ပစ်ခတ်ခဲ့ရာတွင် လိုပက်မှ မိမိ ခေါင်းကို ပြန်လည် ပစ်ခတ်ပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ဖို့ဟုဒ် အခြေစိုက်စခန်းမှာ တပ်တွင်း ပစ်ခတ်မှုတွင် လူ ၁၃ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိခဲ့သည့် သမိုင်းကြောင်း ရှိပြီး အမေရိကန် သမိုင်းတွင် မှတ်တမ်းဆိုး ဝင်ထားလျက် ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ဖို့ဟုဒ်ရှိ အဆောက်အအုံတွင် စစ်သားများ စောင့်ဆိုင်းနေစဉ် စစ်တပ်၏ စိတ်ရောဂါကု ဆရာဝန် နီဒယ်ဟာဆန်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ နီဒယ်ဟာဆန်အား ပြီးခဲ့သော နှစ်က သေဒဏ် ချမှတ်ခဲ့သည်။
REF: USA Today

No comments:

Post a Comment