Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 6, 2014

သန်းခေါင်စာရင်စစ် သင်တန်း စရိတ်အခုထိ မပေးသေး

6 April 2014

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် စာရင်းကောက်နှင့် စာရင်းစစ်တာဝန်အတွက် ဆရာ/ဆရာမ (၅၀၀)ကျော် တာဝန်ပေးစေခိုင်းခဲ့ပါတယ်။

ထိုဆရာ/ဆရာမများအား (၁၇.၃.၂၀၁၄) မှ (၂၂.၃.၂၀၁၄)နေ့အထိ (၆)ရက်ကြာ စာရင်းကောက် စာရင်း စစ်သင်တန်းများ ပေးခဲ့ပါတယ်။ နိုင်ငံတော်မှ သင်တန်း စရိတ်အဖြစ် သင်တန်းသား တစ်ဦးကို (၆၅၀၀)ကျပ် ထောက်ပံ့ပေးသည်ဟု သိရပါတယ်။

သို့သော် ညောင်ဦး မြို့နယ်အတွင်းရှိ စာရင်းကောက် စာရင်းစစ်(၂၀၀)ဦးခန့်သည် (၄.၄.၂၀၁၄)နေ့အထိ သင်တန်းတက်ခဲ့ ရသော စရိတ်များ မရရှိသေးပါ။ သက်ဆိုင်ရာမှလည်း မည်သည့်နေ့တွင် ပေးမည်ဟု တိတိကျကျဟြေကြားခြင်း မရှိပါ။

ထိုကဲ့သို့ အဘယ်ကြောင့်ဖြစ်ရသည်ကို နိုင်ငံတော်အကြီးအကဲများ သိရှိစေရန်နှင့် ပြန်လည် စီစစ်ပေးပါရန် တာဝန်၇ှိ လူကြီးမင်းများထံ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

-ညောင်ဦးမြို့ နယ်မှ ဆရာမတဦး

No comments:

Post a Comment