Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင်ယာဉ်အန္တရာယ်ဖြစ်စေရန်ကွန်ကရစ်အပိုင်းအစများချထားသူအရေးယူ

-
နေပြည်တော်၊ ဧပြီ ၁၁
၂၀၁၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်၌ လူတစ်ဦးကွန်ကရစ်အပိုင်းအစများချထားကြောင်းသတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၃/၆-၇)ကြား၊ နေပြည်တော်မှရန်ကုန်သို့သွားလမ်းမပေါ်တွင် ကွန်ကရစ်အပိုင်းအစတုံးများ ချထားသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းရာရေငန်းမြောင်ကျေးရွာသို့ ခေတ္တလာရောက်နေထိုင်သူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပေါကံ္ကရွာနေ အောင်ဇော်မြင့်(ခ)ဖိုးခွါး(၂၉)နှစ်မှ ချထားခြင်းဖြစ်ကြောင်းသိရှိရ၍၎င်းအား သာဂရ အမြန်လမ်းရဲစခန်း (ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၄၀ ဖြင့်လည်းကောင်း၊ ရဲရေးမပိုင်မှုအမှတ်စဉ်(၃၉/၂၀၁၄)၊ အမြန်လမ်းမကြီး ဥပဒေပုဒ်မ ၉(ဂ) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

No comments:

Post a Comment