Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 20, 2014

အိမ်အကူအား ရေနွေးဖြင့်ပက်ပြီး ရိုက်နှက်သည် ဆိုသောစွဲချက်ဖြင့် တက္ကသိုလ် လက်ထောက်ကထိက ဆရာမကို အမှုဖွင့်

20 April 2014
ရန်ကုန်− အသက် (၁၅) နှစ်အ ရွယ်   အိမ်အကူမိန်းကလေးအား ရေနွေးပူဖြင့် ပက်ကာ ရိုက်နှက်ခဲ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် တက္ကသိုလ်လက်ထောက်ကထိက ဆရာမကို အမှုဖွင့်ထားပြီး ဖြစ် စဉ်အပေါ် စုံစမ်းမှုများပြုလုပ်နေ ကြောင်း တာမွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

တာမွေမြို့နယ် မေတ္တာ ညွန့် ရပ်ကွက်၊ သမာဓိလမ်းတွင် ဧပြီ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၄၃) နှစ်အရွယ် တက္က သိုလ်လက်ထောက်ကထိက ဆရာမက အိမ်အကူအမျိုးသမီး ကို ရေနွေးပူဖြင့် ပက်ကာ ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမှုဖွင့် ထားကြောင်း တာဝန်ကျရဲအရာ ရှိတစ်ဦးကပြောသည်။

ရေနွေပူဖြင့် အပက်ခံရသည့် မိန်းကလေးမှာ ပခုက္ကူမြို့နယ်မှ လာရောက်၍ အိမ်အကူလုပ်နေ ခြင်းဖြစ်ပြီး မေတ္တာညွန့်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် က တရားလိုပြုလုပ်ကာ တာမွေရဲစခန်းတွင်  အမှုဖွင့်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါရဲအရာရှိကဆို သည်။ ဆရာမမှာ မည်သည့် တက္ကသိုလ်တွင် တာဝန်ထမ်း ဆောင်နေသည်ဆိုသည်ကိုမူ ဖြေ ကြားခြင်းမရှိပေ။

ဒဏ်ရာရရှိခဲ့သည့် မိန်းက လေးအား ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ကာ ဒဏ်ရာသက် သာလာသောကြောင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အစည်း ကစောင့်ရှောက်ထားကြောင်း သ  တင်းရရှိသည်။ ၎င်းဆရာမကို ဘေးဖြစ်စေသော လက်နက်ဖြင့်  နာကျင်စေမှု ၃၂၄ ဖြင့် အမှုဖွင့် ထားပြီး အာမခံဖြင့် နေထိုင်စေ ကြောင်း သတင်းရရှိသည်။

Author: အောင်သစ်လွင်

7Day Daily

No comments:

Post a Comment