Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 9, 2014

နေအိမ်ထဲထိ ၀င်ပြီး ဆွဲကြိုးဖြတ်

9 April 2014

အမျိုးသားတစ်ဦးက နေအိမ်ထဲထိ ၀င်ရောက်လာပြီး ရွှေဆွဲကြိုးအား လုယက်ခဲ့သည်ဆိုသည့် တိုင်တန်းမှု တစ်ခုကို သာကေတမြို့နယ်ရဲစခန်းက ဧပြီ ၆ ရက်တွင် တိုင်တန်းထားသူကို ဖမ်းဆီးစစ်ဆေးနေသည်။

အမှုမှာ သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိမ်ရှင်ဖြစ်သူ မမြသက်ဆွေသည် အိပ်ရာမှထပြီး နေအိမ်အောက်ထပ်တွင် ဈေးစာရင်းများ ပြုလုပ်နေစဉ် အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ပါးစပ်ပိတ်ကာ လည်ပင်းရှိ ငါးသိန်းတန် ရွှေဆွဲကြိုးအား ဖြတ်ယူထွက် ပြေးသဖြင့် အော်ဟစ်အကူအညီတောင်းခဲ့ရသည်ဟု ကာယကံရှင်က ရဲထံတွင် ထွက်ဆိုထားသည်။

ယင်းကြောင့် နေအိမ်အောက်ထပ်တွင် အိပ်ပျော်နေသည့် မောင်ဖြစ်သူမှ လိုက်လံဖမ်းဆီးရာ အနော်မာ (၁၇)လမ်းအတွင်းတွင် အထက်ပါအမျိုးသားကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင်လည်း ဖော်ပြထား သည်။

ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ပြစ်မှုကျူးလွန်သူဟု ယူဆထားသူသည် တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး ရပ်ကွက်နေ ရှိန်းကိုကို (ခ) မောင်လေး (၂၃)နှစ် ဆိုသူဖြစ်ကြောင်းနှင့် လုယူသွားသည့် ရွှေဆွဲကြိုးကို ထွက်ပြေးစဉ် လမ်းတစ်နေရာတွင် လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

သာကေတရဲစခန်းက ယင်းတိုင်တန်းမှုကို (ပ)၁၄၃/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အရေးယူရန် စစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese
via thithtoolwin
ဓါတ်ပုံ - Yangon Police

No comments:

Post a Comment