Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 17, 2014

ကလေးကစားသည့် ဘောလုံးပြန်တောင်းသည့်ကိစ္စဖြင့် စကားများ ရန်ဖြစ်ရာမှ သေဆုံး၊ ဒဏ်ရာများရ

17 April 2014

ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ ရက်နေ့ ၂၀၂၀ အချိန်တွင် ဦးစံသိန်း၊ (ဘ)ဦးလှတင်၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နေသူမှ ၎င်းသည် နေအိမ်၌ရှိနေစဉ် မြေးတော်စပ်သူ မောင်မင်းထက်အောင် ဆော့ကစားနေသည့် ဘောလုံးမှာ တစ်ဘက်ခြံဝင်း အတွင်းသို့ ဘောလုံးရောက်ရှိသွားခဲ့ကြောင်း၊ အဆိုပါဘောလုံးအား သားမက်ဖြစ်သူ မျိုးမြင့်မှပြန်တောင်းစဉ် တစ်ဘက်ခြံနေသူ ဦးသံမဏိမှ ဘောလုံးပြန်မပေးသဖြင့် မျိုးမြင့်နှင့်စကားများကြကြောင်း၊ ထိုသို့စကားများစဉ် ဦးသံမဏိနှင့်ဦးသံမဏိ၏သားမက်ဖြစ်သူ အာကာသန်းနိုင်ဦးတို့(၂)ဦးမှ ခြံပြင်ထွက်၍ဓါးနှင့်ခုတ်သဖြင့် ဦးစံသိန်းတွင် ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာ၊ ဦးစံသိန်း၏သမီးကြီးဖြစ်သူ မမြင့်မြင့်ခင်တွင် ၀ဲဘက်နားအောက်ပြတ်ရှ
ဒဏ်ရာနှင့် မမြင့်မြင့်ခင်၏ ခင်ပွန်းဖြစ်သူ လှိုင်ဝင်းတွင် ၀ဲရင်အုံပွန်းခြစ်၊ ယာခါးစောင်းပွန်းခြစ်ဒဏ်ရာများ၊ သမီးလတ်ဖြစ်သူ မငွေရည်အေးတွင် ၀ဲပါးပြတ်ရှဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ထိုသို့ သေဆုံး၊ ဒဏ်ရာများရရှိအောင်ပြုလုပ်သူ သံမဏိနှင့် အာကာသန်းနိုင်ဦးတို့(၂)ဦးကို အရေးယူပေးပါရန် ဦးစံသိန်းမှ တိုင်တန်းသဖြင့် ဒလမြို့မရဲစခန်း(ပ)၁၆၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၁၁၄ဖြင့် အမှုဖွင့်ကာ အာကာသန်းနိုင်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး သံမဏိမှာ အခင်းဖြစ်စဉ်က ၀ဲနား ပြတ်ရှဒဏ်ရာ၊ မေးစေ့ပွန်းပဲ့ဒဏ်ရာ၊ ၀ဲတံတောင် ပြတ်ရှဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသလျက်ရှိသဖြင့် ဖမ်းဆီးစစ်ဆေးနိုင်ရေးဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment