CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 4, 2014
ဟားဗက်တက္ကသိုလ်တွင် ဖာဂူဆန် စာသင်ပေးမည်
Friday, April 4, 2014
မန်ယူနည်းပြဟောင်း ဖာဂူဆန်မှာ ဟားဗက်တက္ကသိုလ်တွင် ပညာရပ်ပိုင်းဆိုင်ရာများ ပို့ချသင်ကြားပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။ လာမည့် မေလတွင် ဟားဗက်တက္ကသိုလ်တွင် စတင်သင်ကြားပေးမည့် “ ဖျော်ဖြေရေး၊ မီဒီယာနှင့် အားကစားဆိုင်ရာ လုပ်ငန်းဆောင်တာ ပညာရပ်များ”ကို သင်ကြားပေးရန် ဖာဂူဆန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
ဖာဂူဆန်က “အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ တက္ကသိုလ်မှာ ပညာရပ်ပိုင်းဆိုင်ရာ ပို့ချခွင့်ရတဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါတယ်။ ဟားဗက်မှာ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေ ကျွန်တော် ရခဲ့ဖူးပါတယ်။ ဒီတော့ ဟားဗက်စီးပွားရေး တက္ကသိုလ်က ကျောင်းသားတွေ၊ သူငယ်ချင်းတွေနဲ့ ကျွန်တော့်ကြားက ဆက်ဆံရေး၊ လုပ်ဆောင်မှုတွေ ပိုကောင်းလာစေဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောခဲ့သည်။
ဖာဂူဆန်မှာ ၂၀၁၂ ခုနှစ်က ဟားဗက်စီးပွားရေး တက္ကသိုလ်ပါမောက္ခ အနီတာအဲလ်ဘက်စ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီး ၎င်း၏နည်းပြ ဘ၀တွင် အလေးထားသည့် အကြောင်းအရာ (၈)ရပ်ကို ဖြေကြားခဲ့ဖူးသည်။ ထိုစဉ်က ဖာဂူဆန်မှာ လတ်တလောအခြေအနေနှင့် ကိုက်ညီမည့် နည်းလမ်းနှင့် စေ့စပ်သေချာစွာ တွေးခေါ်သုံးသပ်ခြင်းကို အဓိက အလေးထားခဲ့သည်ဟု ဆိုသည်။
(ရိုးရာလေး)
via Myanmar Online News
ဟားဗက်တက္ကသိုလ်တွင် ဖာဂူဆန် စာသင်ပေးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment