ရန်ကုန်၊ ဧပြီ ၃။
ရန်ကုန်ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသမှုခံနေရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက၊
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ လက်ရှိအချိန်ထိ ဆိုးရွားနေဆဲဖြစ်ကြောင်း
ဒီလှိုင်းဂျာနယ်၏ အမှုဆောင်အယ်ဒီတာဖြစ်သူ မုံရွာအောင်ရှင်က ဧပြီ ၃ရက်တွင် မြန်မာ့ခေတ်သို့ ပြောသည်။
“မနေ့က သွေးဝမ်းတွေသွားပါတယ်၊ အဲလိုဖြစ်ပြီးကတည်းက လက်ရှိအခြေအနေက တော်တော်ဆိုးပါတယ်၊ ၅၀/၅၀ ဆိုတဲ့
အနေအထားကို မရောက်သေးပါဘူး။ ဒါပေမယ့် သွေးယိုစိမ့်မှုကတော့ လျော့သွားပါပြီ၊ ဦးဝင်းတင်ကို ပါရဂူကြီး (၁၂) ယောက်ပါတဲ့
အဖွဲ့ဖွဲ့ပြီး စောင့်ကြပ်ကုသနေပါတယ် ” ဟု မုံရွာအောင်ရှင်က ပြောသည်။
ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် ယမန်နေ့ကပြုလုပ်သည့် ဦးဝင်းတင်ကို ချစ်ခင်ကြသော
လူငယ်များစုပေါင်းဆုတောင်းပွဲတွင် ပါဝင်သူ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုက
“မနေ့က ကျွန်တော်တို့ ဘဘကိုချစ်တဲ့ လူငယ်တွေစုပြီး ဘဘကျန်းမာရေးအတွက် ဆုတောင်းပေးခဲ့ကြပါတယ်၊ အခုလည်း
ကျွန်တော်တို့ ကိုယ်စီကိုယ်စီ ဆက်ပြီးဆုတောင်းနေကြတာပါပဲ၊ နောက်ဆုံးရတဲ့ သတင်းအရဆိုရင် ဘဘသွေးဝမ်းသွားပြီး
စိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်လို့ သိရပါတယ်” ဟု ပြောသည်။
အသက် (၈၄)နှစ်ရှိပြီဖြစ်သော သတင်းစာဆရာကြီး ဦးဝင်းတင်သည် ထောင်အတွင်း၌ (၁၉) နှစ်ကျော်နေထိုင်ခဲ့ရပြီး
ဒီလှိုင်းဂျာနယ်၏ အကြံပေးအဖြစ်ဆောင်ရွက်နေသူဖြစ်သည်။
ဓါတ်ပုံ – သီဟသစ်
http://www.mmanewsagency.com/?p=2886
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, April 3, 2014
ဦးဝင်းတင်၏ လက်ရှိကျန်းမာရေးအခြေအနေ ဆိုးရွားနေဆဲ
ဦးဝင်းတင်၏ လက်ရှိကျန်းမာရေးအခြေအနေ ဆိုးရွားနေဆဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 03, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment