Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 9, 2014

လန်ဒန် မာရသွန်ရဲ့ အသက်အကြီးဆုံး ယှဉ်ပြိုင်သူ၊ ဗြိတိသျှအင်ပါယာ သင်္ဂဟဘွဲ့ရ အသက် ၈၉နှစ်အရွယ် အဖိုး

သီဟနိုင် on 2014-04-09 12:46
ဒီနှစ် လန်ဒန် မာရသွန်မှာ ၀င်ပြေးမယ့် အသက် ၈၉နှစ်အရွယ် အဖိုးတစ်ယောက်ဟာ ယှဉ်ပြိုင်သူတွေထဲမှာ အသက်အကြီးဆုံးပါပဲ။ နောက်ထပ် ၂နှစ် ၀င်ပြိုင်ဦးမယ်လို့ အဲ့ဒီ့ အဖိုးက သန္နိဋ္ဌာန်ချထားပါတယ်။ သူ့မြေး အသက် ၁၆နှစ် အရွယ်ဟာ သူ့ကို ကျော်လွှားသွားနိုင်တဲ့အထိပေါ့။
ဒီအဖိုးရဲ့ နာမည်ကတော့ Paul Freedmanပါ။ သူဟာ အသက် ၆၁နှစ်အရွယ်ရောက်မှ မာရသွန်စပြေးခဲ့ပေမဲ့ ခုဆိုရင် မာရသွန်ဆုပေါင်း ၁၇၀ ပိုင်ဆိုင်ထားပြီးပါပြီ။ ဧပြီလ ၁၃ရက်နေ့ဆိုရင် လန်ဒန် အပြေးပြိုင်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ၂၂ကြိမ် ရှိပါပြီ။
သူဟာ အကြီးအကျယ် နှလုံးတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် တစ်နှစ်မှာ ၁၂လပဲ ပြေးပါတယ်။ (အမြဲပြေးနေတယ်ပေါ့။)
သူပြေးလို့ရတဲ့ ဆုကြေးငွေတွေထဲက စတာလင်ပေါင် ၁၀၀၀၀၀ (တစ်သိန်း) ကို ပရဟိတလုပ်ငန်းတွေအတွက် မတည်ခဲ့ပေးပြီးပါပြီ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် သူဟာ ၂၀၀၈ခုနှစ်မှာ ဗြိတိသျှအင်ပါယာ သင်္ဂဟဘွဲ့ (MBE) ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
သူ့ရဲ့ မြေးဖြစ်သူ Samuel နဲ့ အတူတူပြိုင်ပြေးကြဦးမယ်လို့ သူ ကတိခံထားပြီးဖြစ်ပါတယ်။
Ref:dailymail.com
Trend Myanmar

No comments:

Post a Comment