အနုပညာလောကမှာ ကျရာဇာတ်ရုပ်ပေါ် အရုပ်ထင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် အားလုံးသိထားပြီးသာဖြစ်တဲ့ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ပုဒ်မ ၁၅၊ ၁၆(ဂ)အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်နှစ်ကျခံစေဖို့ ဧပြီ လ ၇ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တရားရုံးမှ အမိန့်ချ မှတ်လိုက်ပါတယ်။ ကျောက်တံခါးမြို့မ ရဲစခန်းမှ ရဲအုပ်လှမြင့်ဦးက တရားလိုပြုလုပ်ကာ ၂၀၁၃ ဇူလိုင်၂၅ရက်နေ့က တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီနောက် တရားလို၊ ပြစ်မှုကျူးလွန်သူနဲ့ သက်သေတွေကို ကြားနာစစ်ဆေးခဲ့ပြီး မြို့နယ်တရားသူကြီး ဦးတင်ထွန်းဦးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်လို့ သိရပါတယ်။
Trend Myanmar
No comments:
Post a Comment