Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 12, 2014

ကိုရီးယားမှာ မျက်နှာပြင်ဆင်ခြယ်သမှုအတွက် ပါးနီကို အသားပေးခြယ်သလာ

-မေသော် on 2014-04-13 10:50
ကိုရီးယားဇာတ်ကားတွေ၊ kpop မြူးဇစ်တွေ ကမ္ဘာတစ်ဝှမ်း ခေတ်စားလာခဲ့တဲ့နောက် သူတို့နိုင်ငံရဲ့ မိတ်ကပ်ခြယ်သမှု၊ ဖက်ရှင် စတဲ့အရာတွေကလည်း ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းခြုံသွားခဲ့ပါတယ်။ ကိုရီးယားဖက်ရှင်၊ ကိုရီးယားအသားအရေထိန်းသိမ်းနည်း စသဖြင့်ပေါ့။ ခုလည်း ရာသီအပြောင်းအလဲမှာ ကိုရီးယားမိတ်ကပ်ခြယ်သမှုအသစ်အဖြစ် ပါးနီအသားပေးခြယ်သမှုနည်းသစ် အရင်ထက်ပိုခေတ်စားလာလိမ့်မယ်လို့ အားလုံးက ခန့်မှန်းနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနောက်ပိုင်း ကိုရီးယားအနုပညာရှင်တွေရဲ့ မိတ်ကပ်လိမ်းခြယ်မှုဟာ သဘာဝပိုဆန်လာပေမယ့် ပါးနီကိုတော့ ပိုမိုသိသာအောင် ခြယ်သလာကြလို့ပါတဲ့။ Rainbow အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jaekyung ကလည်း ဓာတ်ပုံရိုက်တစ်ခုအတွက် သူမရဲ့ မိတ်ကပ်လိမ်းခြယ်နည်းကို ပြောပြပေးခဲ့ပြီး ပါးနီးအသားပေးဆိုးတဲ့အကြောင်းကိုလည်း ခုလို ပြောပြသွားပါတယ်။ ‘ရာသီအပြောင်းအလဲမှာ ကိုယ့်ကို ကြည့်လိုက်တဲ့သူတိုင်းက လန်းဆန်းတက်ကြွနေတာပဲလို့ မြင်စေချင်တယ်။ အဲ့ဒီတော့ မိတ်ကပ်လိမ်းခြယ်မှုအပိုင်းကို အရင်ကထက်ပိုပြီး အိပ်မက်ဆန်ဆန် နူးညံ့တဲ့ခြယ်သမှုမျိုးဖြစ်အောင် ပြောင်းလဲပစ်ချင်တာကြောင့် ပါးနီကို ဆိုးနေကျအရောင်တွေနဲ့မတူတဲ့ သစ်ခွအရောင်၊ ပန်းနုရောင် စတဲ့အရောင်လေးတွေ ရွေးဆိုးဖြစ်တယ်။ ဆိုးတဲ့အခါမှာလည်း နည်းနည်းထူထူလေး ဆိုးလိုက်တယ်။ သူများတွေနဲ့လည်း မတူချင်ဘူး။ အသစ်အဆန်းလေးလည်း ဖြစ်အောင် ခုလို ပါးနီကို ပိုထူပြီး ခပ်ဝိုင်းဝိုင်းပုံမျိုး ဆိုထားတာပါ။ ပြီးတော့ ဘယ်လောက်ဈေးကြီးတဲ့ အလှကုန်တွသုံးသုံး၊ ကိုယ်နဲ့မတည့်ရင် ဒုက္ခရောက်တတ်တယ်။ ဒါ့ကြောင့် ကိုယ်နဲ့အဆင်ပြေပြီး သင့်တော်တဲ့အလှကုန်ကိုပဲ ရွေးချယ်သုံးစေချင်ပါတယ်’လို့ သူမက ပြောသွားပါတယ်။

Ref:kpopstarz.com
Trend Myanmar

No comments:

Post a Comment