Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 21, 2014

ဦးဝင်းတင်အထ္တုပ္ပတ္တိ ထုတ်လွှင့်ရာမှာ အစိုးရရုပ်သံ ထိန်ချန်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်သွားတဲ့ သတင်းမှာ ဦးဝင်းတင်ရဲ့ အထ္ထုပ္ပတ္တိ ကို
နိုင်ငံပိုင် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မြန်မာရုပ်/သံ ( MRTV) က ပြောကြားသွားတာမှာ ထိန်ချန်မှုတွေ လုပ်သွားခဲ့တာ သတိထားမိပါလိမ့်မယ်။ 



အထူးသဖြင့်တော့   ဦးဝင်းတင် ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာ၊ NLD ပါတီရဲ့ အဓိက ထူထောင်သူထဲမှာ ပါဝင်တာ၊ နောက်ပြီး အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ ၁၉၈၉ ခုနှစ်က စစ်ထောက်လှမ်းရေးတွေ ဖမ်းဆီးပြီး  ထောင်ချပစ်တာ၊ ထောင်ထဲမှာ နောက်ထပ် ထောင်ဒဏ်တွေ ထပ်တိုး ချမှတ်တာ စတာတွေကို ထိန်ချန် သွားခဲ့ပြီး ၂၀၁၄ ခုနှစ်ကို တန်းရောက်သွားပါတယ်။ 

တဖက်က လူအများ အလွန်ကြည်ညိုတဲ့ ထင်ရှားတဲ့သူဖြစ်တာကြောင့် သတင်းတပုဒ်အဖြစ် အသိအမှတ်ပြု ကြေညာသွားခဲ့ပေမယ့် ဦးဝင်းတင်ကို အဓိက လူတွေ လေးစားကြည်ညိုကြတဲ့ ဖမ်းဆီး ထောင် ချခံရမှုနဲ့ ညှင်းပန်း နှိပ်စက်ခံတဲ့ အပိုင်းတွေကို ထိန်ချန်ထားတဲ့အပေါ် ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းကလည်း ဝေဖန်ပြောဆိုနေတယ်လို့ သိရပါတယ်။ 

MRTV ရဲ့ ဦးဝင်းတင် နာရေး ကြေညာပုံကို အောက်မှာ ကြည့်နိုင်ပါတယ်။
  
အိမ့်သံစဉ်~

No comments:

Post a Comment