Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

နာမည်ကျော် မာရီလင်မွန်ရိုး ရုပ်တု မွန်ရိုးရဲ့ ဇာတိမြို့ ကို ပြန်လည်ရောက်ရှိ

Angel on 2014-04-09 16:25
ချီကာဂိုနဲ့ ကယ်လီဖိုးနီးယားမှာ နာမည်ကျော် မာရီလင်မွန်ရိုး ရုပ်တု ကို သုံးနှစ်တာ ထားရှိခဲ့ပြီးနောက် သူမရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ ဟာမီလ်တန် မြို့ ကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။
မနေ့ က မနက်က မွန်ရိုးရဲ့ ဇာတိမြေမှာ “Forever Marilyn” လို့ အမည်ပေးထားတဲ့ အမှတ်တရရုပ်ထု ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပြီး လူဒါဇင်ပေါင်းများစွာက လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ဒီရုပ်ထုကို မာရီလင်မွန်ရိုးရဲ့ ၁၉၅၅ ခုနှစ်က ရိုက်ခဲ့တဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းရဲ့ ပုံရိပ်ကို ထုဆစ်ထားတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဟာမီလ်တန်မြို့ ရဲ့ ဂျွန်ဆင် အနုပညာအလုပ်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထရပ်ကားနှစ်စီးနဲ့ မာရီလင်မွန်ရိုးရဲ့ ရုပ်ထုကို နှစ်ပိုင်းခွဲသယ်လာတာဖြစ်ပါတယ်။
“Forever Marilyn” ရုပ်တုဟာ ၂၆ ပေအမြင့်ရှိပြီး ပေါင်ချိန် တစ်သောင်းရှစ်ထောင်နီးပါးရှိပါတယ်။ အခြေအုတ်မြစ်တင် ပေါင်ချိန် နှစ်သောင်းရှိပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၅၀ အထိ ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားတာပါ။
မေလ ၄ ရက်နေ့ မှာပြုလုပ်မယ့် အတိတ်ကိုပြန်လည်လွမ်းဆွတ်ခြင်း ပန်းပုပြပွဲမှာ မာရီလင်မွန်ရိုးရဲ့ ရုပ်တုကို အဓိကအနုပညာလက်ရာအဖြစ် ပြသဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။

Ref: nj.com
Trend Myanmar

No comments:

Post a Comment