Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

မိကျောင်းကန် မြဇာရံစေတီမှာ ဘယ်သူတွေကို ကျိန်စာတိုက်ခဲ့လဲ


Friday, April 11, 2014

စစ်တပ်က အဓမ္မသိမ်းဆည်းခဲ့ပြီး ပြန်မပေးဘူးလို့ ပြောထားတဲ့ မိကျောင်းကန်ဒေသခံတွေဟာ သပိတ်စခန်းဖွင့် ကန့်ကွက်နေရင်းကနေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မိကျောင်းကန်ရပ်ကွက်ထဲက မြဇာရံစေတီဆီ ရောက်လာခဲ့ပါတယ်။ သူတို့တွေ ဘယ်သူတွေကို ကျိန်စာတိုက်ခဲ့လဲ။

သိမ်းပိုက်ခဲ့တဲ့ မိကျောင်းကန်ရပ်ကွက်မှာ စစ်တန်းလျားတွေဆောက်ဖို့ လက်နက်နဲ့အာဏာကို မတရားအသုံးပြုနေတဲ့ စစ်တပ်အရာရှိတွေကို ဦးတည်ပြီး ကျိန်စာတိုက်ခဲ့တာပါ။ မြဇာရံစေတီဝင်းထဲက ရှမ်းဘိုးတော်တွေ။ ကွင်းပိုင်နယ်ပိုင်၊ ရုက္ခစိုးနဲ့ ဘီလူးတွေ၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှာ သေဆုံးခဲ့သူတွေရဲ့ ဝိဉာဉ်တွေ၊ ပြိတ္တာတွေကို တိုင်တည်ပြီး ကျိန်စာတိုက်ခဲ့ပါတယ်။

လပေါင်းများစွာ ပဋပက္ခဖြစ်နေတဲ့ မိကျောင်းကန်ရပ်ကွက်ကို အဓမ္မသိမ်းယူမှုနဲ့ပတ်သက်ပြီး မြို့လည်ခေါင်မှာ သပိတ်စခန်းဖွင့်ထားတဲ့သူတွေထဲက ၇ဝလောက်က ဧပြီ ၁ဝရက်နေ့မှာ ကျိန်စာတိုက်ခဲ့ပြီး အစာငတ်ခံ ဆန္ဒပြရင် သေရုံပဲရှိမှာပေါ့ဆိုတဲ့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီးရဲ့အပြောအတိုင်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေဟာ မြဇာရံစေတီတော်ရဲ့ ရွှေပြားတွေကိုလည်း အချပ်လိုက်ခွာယူခဲ့ပြီး အပေါ်ယံ ရွှေတွေကို ဟန်ပြကပ်ထားတယ်လို့ မိကျောင်းကန်ဒေသခံတွေက စွပ်စွဲခဲ့ပါတယ်။

Kamayut Media

No comments:

Post a Comment