Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

ယဉ်ကျေးမှုနဲ့အညီ ဝတ်ဆင်ရေးလှုပ်ရှားမှု ရန်ကုန်မှာစတင်

11 April 2014

သင်္ကြန်ကာလအတွင်း ယဉ်ကျေးမှုနဲ့အညီ ဝတ်စားဆင်ယဉ်ရေး အသိပညာပေး လှုပ်ရှားမှုတစ်ရပ်ကို လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ မနေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ လူငယ်အစည်းအရုံး၊ Initiative Youth ၊ World Merit စတဲ့ လူငယ်အဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ ပြည်လမ်း အင်းလျားကန်ဘောင်နဲ့ လူစည်ကားတဲ့ Junction Square တွေမှာ ဆောင်ရွက်ခဲ့ကြတာပါ။

မြန်မာနိုင်ငံ အလှည့်ကျ အာဆီယံ ဥက္ကဌတာဝန် ထမ်းဆောင်နေတဲ့နှစ် ဖြစ်တဲ့အတွက် တခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အထင်အမြင်သေး မခံရအောင် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူငယ်အစည်းအရုံးအဖွဲ့ဝင် ကိုသန့်ဇင်က ပြောပါတယ်။

"အာဆီယံနိုင်ငံတွေအပြင် တခြားနိုင်ငံတွေက မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အချိန်မှာ လူတွေပြုပြင်ပြောင်းလဲပြီးတော့ မင်းတို့မြန်မာက ရိုးရာကျတော့ ငါတို့နဲ့အတူတူပါလားလို့ အပြောမခံချင်တဲ့စိတ်လေးနဲ့ ကျနော်တို့ ဒီနေ့ awareness လေးကို လုပ်ခြင်းဖြစ်ပါတယ်"

သင်္ကြန်ကာလအတွင်း သင်္ကြန်မဏ္ဍပ်တွေမှာလည်း ၀တ်စားဆင်ယဉ်မှုနဲ့ ပတ်သက်ပြီး လိုက်လံနှိုးဆော်သွားမယ်လို့ သိရပါတယ်။

RFA Burmese
via THIT HTOO LWIN

No comments:

Post a Comment