- 05 April 2014 |
- By Manawmaya Journal
ပြီးတော့ ရေတစ်ခွက်ကို ခပ်၍ အမောတကော သောက်နေပြန်ပါသည်။ ပြီးတော့မှ ဗေဒင်စားပွဲရှေ့တွင် ဝင်ထိုင်ပြီး ဗေဒင်မေးပါသည်။
" ကျွန်မ အတွက် တစ်နေ့တာ မြတ်ငွေလေး ရဖို့ ခြေတိုမတတ် လျှောက်ပြီး ဈေးရောင်းရတာပါ ဆရာမရယ် ...၊ ပင်ပန်းတာကို ကျွန်မ မကြောက်ပါဘူး ...၊
ဘယ်တော့လောက်ဆိုရင် အသက်ရှူ ချောင်ချောင်နဲ့ ချမ်းချမ်းသာသာကလေး နေရမလဲ သိချင်လို့ ဗေဒင်ဝင်မေးတာပါ ...၊ ပြီးတော့ ကျွန်မက အပင်ပန်းခံပြီး အလုပ်လုပ်နိုင် သလောက် ယောကျာ်းက ပျော့တိပျော့ဖတ်နဲ့ အလွန်အပျင်း ထူတာပဲ ဆရာမ ရယ် ...၊ သူ အလုပ်လုပ်အောင် နည်းလေး ဘာလေးရော မရှိဘူးလား ...
" ကျွန်မလည်း သူမ၏ကိန်းခန်းများကို တွက်စစ်၍ သူမသိလိုသည် များကို အသေအချာ ဟောပြော ပေးခဲ့ပါသည်။ ပြီးတော့မှ -" အပျင်းထူတဲ့ ညီမရဲ့အမျိုးသား အလုပ်လုပ်ချင်လာအောင်ကတော့ အဘမင်းသိင်္ခရဲ့ ဂမ္ဘီရနည်း လေးတစ်ခုရှိတယ် ...၊
လွယ်လွယ်လေးပေမယ့် အရမ်းစွမ်းတာ ...၊ စာကလေးတွေကနေ ကျွတ်ကျတဲ့ အမွေးနုနုလေးတွေ ရှိတတ်တယ် ...၊ အဲဒီအမွေး နုနုလေး ကို လက်ထဲမှာ လုံးပြီး ညီမယောကျာ်းဝတ်မယ့် အင်္ကျီအိတ်ကပ်ထဲကို ထည့်ထားလိုက်ရတယ် ...၊ အဲဒီ လိုထည့်လိုက်တဲ့အချိန်မှာ ဟော သလိုလေး ၃၇ ခေါက် ရွတ်ပေးလိုက်ပါညီမရယ် ..." ဟု ပြောပြလိုက် ရပါတော့သည်။ ရွတ်ဆိုရမည်မှာ -
" မြန်မြန်လုပ်ပါ ထမင်းရှင်၊ ကျွန်မ ချစ်တဲ့လင် "
via yoeyarlay
No comments:
Post a Comment