Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 4, 2014

ဆော်ပေါ်လိုမှ ဘရာဇီးလ် တက်သစ်စ ခံစစ်မှူးလေး တစ်ဦးကို မန်ချက်စတာ နှစ်သင်း အပြိုင် စိတ်ဝင်စားနေ



  • Written by Admin Team

ဆော်ပေါ်လို အသင်းမှ ဘရာဇီးလ်သွေးသစ် ပါရမီရှင် ကစားသမားလေး တစ်ဦးကို မန်ချက်စတာ မြို့ခံနှစ်သင်း အပြိုင်အဆိုင် စိတ်ဝင်စား နေကြောင်း သိရသည်။
အသက်(၁၇)နှစ်သာ ရှိသေးသည့် ခံစစ်သမားလေး လူးကက်စ်ဆေးလ်ဗားသည် အသက်(၁၇)နှစ်အောက် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဘရာဇီးလ်၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ အောက်တိုဘာလက ကျင်းပသည့် အဆိုပါပြိုင်ပွဲအပြီး နောက်တစ်လတွင် ၎င်းသည် ဆော်ပေါ်လို၏ ပထမအသင်းသား ဖြစ်လာသည်။ ဗဟိုနောက်ခံလူအဖြစ် အဓိက ကစားပြီး ညာခြမ်းခံစစ်တွင်လည်း အံဝင်စွာ ခြေစွမ်းပြနိုင်သည့် လူငယ်လေးကို မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီးတို့အပြင် အီတလီစီးရီးအေချန်ပီယံ ဂျူဗင်းတပ်စ်ကလည်း မျက်စိကျနေသည်။



ဆေးလ်ဗား၏ ကိုယ်စားလှယ်များသည် ယခုအခါ မန်ချက်စတာ နှစ်သင်းလုံး၏ ဆက်သွယ်မှုများကို လက်ခံရရှိထားပြီး ဖြစ်သည်။ ထို့အပြင် မက်ဒရစ်မြို့ခံ ထိပ်သီးများဖြစ်သည့် အက်သလက်တီကို မက်ဒရစ်နှင့် ရီးယဲလ်မက်ဒရစ်တို့ကလည်း ကစားသမားအတွက် မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ ယူနိုက်တက်နှင့် စီးတီးတို့သည် နွေရာသီ ဈေးကွက်တွင် ခံစစ်ကစားသမားသစ်များအတွက် ထိပ်တိုက်တွေ့မည့် အခြေအနေ အတော်များများ ရှိနေသည်။ နှစ်သင်းလုံးသည် ပေါ်တိုနောက်ခံလူ အီလိုင်ကွင်မ် မန်ဂါလာကို ချိတ်ဆက်နေပြီး ရီးယဲလ်ဆိုစီဒက်မှ အိုင်နီဂို မာတီနက်ဇ်ကိုလည်း ချိတ်ဆက်နေကြသည်။

အသက်(၂၂)နှစ်ရှိ မာတီနက်ဇ်သည် ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း FIFAက ဘာစီလိုနာအား အပြောင်းအရွှေ့ပြုလုပ်ခွင့်များ တားဆီးပိတ်ပင်ခဲ့သည့်နောက် ၎င်း၏ အနာဂတ်သည် ပရီးမီးယားလိဂ်သို့ ဦးတည်လာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref:Dailymail

No comments:

Post a Comment