Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း ဖမ်းဆီးရမိသည့် သစ်လုပ်ထုံးလုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်

11 April 2014

ကျောက်မဲခရိုင်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ ခြံဝင်းအတွင်း တရားမဝင်သစ်များ ဖမ်းမိခဲ့ရာ ပြေစာအတိုင်း ပါရှိသည့် တန်ချိန်မှန် ကန်သည်ဆိုစေကာမူ လုပ်ထုံး လုပ်နည်း ဖောက်ဖျက်မှုဖြင့် အရေးယူမည်ဟု သစ်တောဦးစီးဌာန လက်ထောက်ညွှန်မှူး ကိုဥက္ကာက ပြောသည်။

သီပေါမြို့နယ် ပန်းတိမ်တောင် ရပ်ကွက်တွင်ရှိ သည့် ထိုခြံအတွင်း ဧပြီ ၂ ရက်နေ့က ဖမ်းဆီးရရှိသောသစ်များကို ခရိုင်သစ်တောရုံးမှ ဧပြီ ၇ ရက်နေ့ အထိ စစ်ဆေးလျက်ရှိရာ ကျွန်းခွဲသား အခြောက် ၆၆၈ ချောင်း (၂ ဒသမ ၈ တန်)၊ ပိတောက်ခွဲသား ၁၉၅၂ ချောင်း (၄ ဒသမ ဝ၇ တန်) နှင့် ယမနေစားပွဲ အဝိုင်း အလုံး ၂ဝ တို့အပါအဝင် စုစု ပေါင်း ၁၄ တန်ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါ တရားမဝင် သစ်ဖမ်းဆီးမှုမှာ ဒေသခံတစ်ဦး၏ တိုင်ကြားချက် ကြောင့် ဖြစ်ပြီး မိမိမှာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်နှင့် အညီ တရားဝင်သစ်လုပ်ခွင့် မှတ်ပုံတင် ထားပြီး တရားဝင်လိုင်စင် ပြုလုပ် ထားကြောင်း သစ်ဝယ်ထားသော ပြေ စာများလည်း ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းထံမှ သိရ သည်။

”လက်ရှိ ပြေစာအတိုင်းတင်ထားတဲ့ တန်နဲ့ကိုက်ညီရင် ပြဿနာမရှိပါဘူး။ အခု သစ်တောရုံးက စစ်ဆေးနေတုန်းပဲ။ အတိအကျ မသိသေးဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။ မြန်မာနိုင်ငံတွင်တရားမဝင်သစ်များ တင်ပို့ရောင်းချနေမှုကြောင့် သစ်တောပြုန်းတီးမှုများများပြားလျက်ရှိရာ ၂ဝ၁၃ ခုနှစ်အတွင်း တရားမဝင်သစ် ဖမ်း ဆီးမှုပေါင်း ၄ဝဝ ကျော်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုအရ သိရသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ကိုဥက္ကာမှလည်း ”သူတို့ တင်ပြထားတာ ပရိဘောဂ လိုင်စင်လည်း ရှိတယ်။ အိမ်တွင်းစက်မှုလက်မှု လိုင်စင်လည်း ရှိတယ်။ စာရွက်စာတန်း မူရင်းဒေတာတွေကလည်း မှန်ကန်မှု ရှိ ပါတယ်။ တရားဝင်ပြေစာမှာတော့ ပိ တောက်အလုံး ၅ဝဝ၊ ကျွန်းခွဲသား ၂၇ တန်နဲ့ အခြားသားက တန် ၂ဝ ကျော် ဆိုတော့ အားလုံးပေါင်းတန် ၅ဝ ကျော်တယ်။ မပြီးသေးဘူး စစ်ဆေးတုန်းပဲ။ အကုန်စစ်ပြီး လို့ ပြေစာအတိုင်း မှန်လည်း ကျွန်တော်တို့ဘက်က မဖြစ်မနေ အရေးယူရမှာပဲ” ဟု ၎င်းကပြောသည်။

အောင်ဇော်ထူး

Popular Myanmar News Journal
via THIT HTOO LWIN



No comments:

Post a Comment