Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 19, 2014

ကသဲလူမျိုး ၃၃၇ ဦးတို့ ဗုဒ္ဓအဆုံးအမနှင့် ဒုလ္လဘ ရဟန်းခံပွဲ မောင်တောတွင် ကျင်းပမည်


မောင်တောမြို့ဝင်ဂိတ် (ဓါတ်ပုံ- နိရဉ္စရာ)

မောင်တောမြို့နယ် ငရံ့ချောင်း နတလ စံပြကျေးရွာတွင် နေထိုင်သော ကသဲလူမျိုး (၃၃၇) ဦးတို့သည် လာမည့် မေလ ၆ ရက်နေ့တွင် ဗုဒ္ဓအဆုံးအမခံယူကြမည် ဖြစ်ပြီး ထိုအထဲမှ (၁၈) ဦးသည် ဒုလ္လဘ ရဟန်းခံကြမည်ဟု သတင်း ရရှိသည်။

ဗုဒ္ဓအဆုံးအမနှင့် ဒုလ္လဘ ရဟန်းခံပွဲအား မောင်တောမြို့အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ဗုဒ္ဓအဆုံးအမနှင့် ဒုလ္လဘ ရဟန်းခံပွဲတွင် ကသဲလူမျိုး (၁၈) ဦးကို ဒုလ္လဘ ရဟန်းအဖြစ် ခံယူကြမည် ဖြစ်ကြောင်း အလိုတော်ပြည့် ဆရာတော်ကြီးက နိရဉ္စရာသို့ မိန့်ကြားသည်။

“ အဲဒီ ပွဲမှာ ကသဲလူမျိုး ၁၈ ဦးက ဒုလ္လဘ ရဟန်းအဖြစ် ခံယူကြပါလိမ့်မယ်။ သူတို့ဟာ ဘုန်းကြီးရဲ့ သာသနာပြုလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ ပြီး ဗုဒ္ဓဘာသာ အပေါ် သက်ဝင် ယုံကြည်လာတဲ့ အတွက် အခုလို ဗုဒ္ဓအဆုံးအမနှင့် ဒုလ္လဘ ရဟန်းခံပွဲကို ပြုလုပ်ကြမှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။

ယင်းပြင် ဆရာတော်က “ သူတို့က ဗုဒ္ဓ အဆုံးအမကို ခံယူချင်တယ်လို့ လျှောက်ထားတဲ့အတွက် ဘုန်းကြီးသည် ဒီပွဲကို ဗုဒ္ဓ အဆုံးအမ ခံယူပွဲလို့ ခေါင်းစဉ်တပ်ပြီး ကျင်းပရခြင်း ဖြစ်ပါတယ်။ လုပ်ရတဲ့ ရည်ရွယ်ချက် ဘင်္ဂလာဒေခ်ျ့နယ်စပ်မှာ ကြိုးစား ပမ်းစား သာသနာပြုလာတာနှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ အဲသလို သာသနာပြုလာတဲ့ အခါမှာလည်း ဒုက္ခ အမျိုးမျိုးလည်းတွေ့ကြုံခဲ့ရပါတယ်။ ခုလို ဒုက္ခအမျိုးမျိုးနဲ့ တွေ့ကြုံခဲ့ပေမယ့် အမျိုးဘာသာ သာသနာ တိုးတက်ကြီးပွားအောင် ဆောင်ရွက်ခဲ့ပါတယ်။ အခုလည်းဘဲ ကသဲလူမျိုးတွေကို ဗုဒ္ဓ အဆုံးအမခံယူတဲ့ပွဲကို ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းအခမ်းအနားသို့ သာသနာရေး ၀န်ကြီး၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ၀န်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း တိုင်းမှူးတို့လည်း တက်ရောက်ကြမည်ဟု သိရသည်။

ယခု ဗုဒ္ဓအဆုံးအမကို ခံယူကြမည့် ကသည်းလူမျိုးများမှာ အိန္ဒိယဘက်မှ ၀င်ရောက် အခြေချနေထိုင်လာသူများ ဖြစ်ကြပြီး ယခင်က နတ်ကိုးကွယ်သူများ ဖြစ်ကြသည်ဟု ဆရာတော်မိန့်ကြားသည်။

Narinjara

No comments:

Post a Comment