Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 4, 2014

တရားဥပဒေစိုးမိုးရေးစင်တာများဖွင့်ရန် ဒေါ်စုနှင့်တာဝန်ရှိသူများ ထပ်ဆွေးနွေးမည်

Written by  စုမြတ်ဝေ

တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်နိုင်ရေး အသေးစိတ်ဆွေးနွေးမှုများ ဆောင်ရွက်ရန် ဒေါ်အောင် ဆန်းစုကြည်နှင့် တရားရေးဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP အဖွဲ့ဝင်များ သည် လာမည့် ဧပြီ ၂၂ ရက်တွင် ထပ်မံတွေ့ဆုံသွားမည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။
“စမ်းသပ်ကာလက မန္တလေးနဲ့လားရှိုးမှာဖွင့်ဖို့ ရည်ရွယ်ထားတယ်။ အသေးစိတ် မပြီးသေးဘူး။ မပြီးသေးတော့ ပြောလို့မရဘူး။ အဲဒါကြောင့် ၂၂ ရက် ပြန်ချိန်းထားတယ်”ဟု ပြောသည်။
ဧပြီ ၃ ရက်တွင် လွှတ်တော်ရုံး(ရန်ကုန်)၌ ပြုလုပ်သော တရားဥပဒေစိုးမိုးရေး ဗဟိုဌာနများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အပြီးတွင် ပြောသည်။
တရားဥပဒေစိုးမိုးရေးစင်တာများကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မန္တလေးနှင့်လားရှိုးတို့တွင် စတင်စမ်းသပ်ဖွင့်လှစ်နိုင်ရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနရဲမှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNDP မှအဖွဲ့ ၀င်များ ညှိနှိုင်းဆွေးနွေးကြခြင်းဖြစ်သည်။
တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန် ဖြစ်နိုင်ခြေရှိမရှိ လေ့လာသုံးသပ်ခြင်းကို ယူအင်န်ဒီပီ၏ ဒေသဆိုင်ရာရုံးခွဲများရှိသော မန္တလေးနှင့် လားရှိုးမြို့များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး တွေ့ရှိချက်များကို ဧပြီလ ၃ ရက်တွင်ကျင်းပသည့် အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ယူအင်န်ဒီပီအနေဖြင့် စမ်းသပ်ဖွင့်လှစ်မည့် တရားဥပဒေစိုးမိုးရေးစင်တာများအတွက် ငွေကြေး၊ နည်းပညာနှင့် အခြားထောက်ပံ့မှုများ ဆောင်ရွက်ရန် မည်သည့်သဘောတူညီချက်နှင့် မည်သည့်ကမ်းလှမ်းချက်မျှ မရှိသေးဘဲ ဧပြီ ၃ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးတွင် ယင်းကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ယူအင်န်ဒီပီမှ ပြောထားသည်။
သို့သော် ယင်းနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှုများကို ဧပြီ ၂၂ ရက်တွင် ဆက်လက် လုပ်ဆောင် သွားမည်ဟု ဦးဝင်းမြင့်က ဧပြီ ၃ ရက်တွင် ပြောသည်။
“ပြန်ဆွေးနွေးဖို့လိုသေးလို့ ပြန်ချိန်းတာပါ။ ဘာအခက်အခဲ ညာအခက်အခဲကြောင့် မဟုတ်ဘူး။ အသေးစိတ်ကတော့ လုပ်ရဦးမှာကိုး” ဟု ပြောသည်။
တရားဥပဒေစိုးမိုးရေးစင်တာများသည် တရားရေးမဏ္ဍိုင်အတွင်း ဆောင်ရွက်နေသူများ၏ စွမ်းရည်များ မြှင့်တင်ပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းတို့စွမ်းရည်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပမှ ဥပဒေပညာရှင်များက ပို့ချပေးမည်ဖြစ်သည်။
Mizzima 





No comments:

Post a Comment