ပြောကိုမပြောချင်ဘူး။ လူတွေအယူသည်းတတ်ပုံများဗျာ။ ကျော်သူတို့ လင်မယားရယ် ဆရာမရယ် ကို နာမကျန်းဖြစ်နေတဲ့သူကို နေအိမ်၊ ဆေးရုံများမှာ လူနာသတင်းမေးသွားရင် နှာခေါင်းရှုံ့ကြခြင်း၊ အ တင်းပြောကြခြင်း၊ မေးငေါ့ကြခြင်း စသည့် မလိုလားသော အရိပ်သဏ္ဍာန်များဖြင့် ဆီးကြိုတတ်ကြသည်။ တချို့ဆိုလျှင် "ဟာ…. ဟင်…. ဟယ်…. အို… ရပါတယ်၊ နေကောင်းပါတယ်။ ကျန်းမာလာပါပြီ ဒီတော့ မ လာပါနဲ့။ မလိုပါဘူး။ ကျေးဇူးတင်ပါတယ်" ဟူ၍ ဆီးကြိုကာပိတ်ပင်မှု၊ တားဆီးမှုတို့ဖြင့် ဦးစွာကိုယ်တိုင် ကြုံတွေ့ခဲ့ရပြန်သည်။ ထိုကဲ့သို့ ပြောဆိုကြသော အယူသည်းတတ်သော လူများသည် အကယ်၍များ ထိုမကျန်းမာသော လူနာသည် ဘဝတစ်ပါးသို့ ပြောင်းသွားပြီဆိုပါက “အကို… ညီလေး… ဦး… အဘ ကယ်ပါဦး… တစ်ခါမှ အတွေ့အကြုံမရှိလို့ပါ။ နာရေးကိစ္စတွေ မလုပ်တတ်လို့ပါ။ သင်္ဂြိုဟ်ပေးပါဦး။ စရိတ် မတတ်နိုင်လို့ပါ။ စည်စည်ကားကားလေး ဖြစ်အောင်လုပ်ပေးပါ။ ကားအကောင်းစားကြီးနဲ့ လုပ်ပေးပါ။ အ လှူငွေတွေ အများကြီး လာရောက်လှူဒါန်းပါဦးမယ်" စသည့် စကားများကိုလည်း ပြောတတ်သေးသည်။ ဈာပနအခမ်းအနား ပြီးဆုံးသွားသောအခါ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားစွာ နိဗ္ဗာန်ယာဉ် အကောင်းစားကြီး အား တောင်းဆိုခဲ့သူတစ်ချို့တို့ သည် ငွေအများကြီး လှူဒါန်းဖို့နေနေသာသာ ပျောက်ခြင်းမလှ ပျောက်သွား ကြသူများ၊ ကိုယ်ယောင်ဖျောက်သွားကြသူများ၊ ကိုယ်ပျောက်ပညာစွမ်း တတ်မြောက်ထားကြသည့်အလား ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြသည်ကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ကြုံတွေ့ခဲ့ရဘူးသည်။ ဤသည် တို့ကား သဘာဝတရားတစ်ခုလို့ပင် ဆိုရမလို ဖြစ်နေတော့သည်။
ထိုကဲ့သို့ အယူသည်းသောသူများ၊ အုပ်စုများထဲတွင် ယနေ့ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်ခန့်က ဘဝတစ်ပါးသို့ ပြောင်းလဲသွားရရှာသော ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ၏ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟများ၊ လက်တွဲဖော်/ ဖက်များ မပါ ဝင်ခဲ့သည်ကို ကျွန်တော်လက်တွေ့ သိရှိခဲ့ရသည်။ အကြောင်းမှာ ဘဘဦးဝင်းတင် ထောင်မှ လွတ်လာ သည့်အချိန်မှစ၍ ထောင်ဝတ်စုံ အပြာနုရောင်ကို စဉ်ဆက်မပြတ် ဝတ်ဆင်ထားမှု၊ ဘဘဦးဝင်းတင် ၏ မ ပြောင်းလဲသော ခံယူချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအပြင် အကြောက်တရား လုံးဝမရှိသော သံမဏိ လူသားတစ်ယောက်အဖြစ်၎င်း၊ ဘဘ၏ အစဉ်အမြဲ ပြုံးယောင်သမ်းနေသောနှုတ်ခမ်း၊ အကြင်နာ တရားလွမ်းခြုံနေသော မျက်ဝန်းတို့ကြောင့်၎င်း ကျွန်တော်ပြင်ပတွင် လူချင်းမဆုံဆည်း ခဲ့စဉ်ကတည်းက လေးစားမိသည်။ ချစ်ခင်မိသည်။ ဂုဏ်ယူမိသည်။ အားကျမိသည်။ ထိုကဲ့သို့ ကျွန်တော် လေးစားဂုဏ်ယူ အားကျခဲ့သော သံမဏိလူသား သူရဲကောင်းကြီးအား ကျွန်တော်နောက်ပိုင်းတွင် လူချင်းဆုံတွေ့ခွင့် ရရှိ သော သာရေး/ နာရေး အခမ်းအနားများတွင် ထိုသံမဏိလူသားကြီးသည် ကျွန်တော်သူ့အား လေးစား ဂုဏ်ယူ ချစ်ခင်သကဲ့သို့ ကျွန်တော့်အားလည်း သူသည် လေးစားဂုဏ်ယူ ချစ်ခင်ခဲ့သူဖြစ်ကြောင်း ကျွန် တော်သိရှိခဲ့ရသည်။ တစ်ဦးကစေတနာ၊ တစ်ဦးကမေတ္တာ ဆိုသလို မေတ္တာတရားများ ရောင်ပြန်ဟပ်ခြင်း ပင် ဖြစ်တော့သည်။ ထိုသံမဏိလူသားကြီးသည် ကျွန်တော့်အား တွေ့တိုင်း မြင်တိုင်း စိတ်ဓာတ်မကျရန် ကိုယ့်အလုပ် ကိုယ်လုပ်ရန်၊ အစဉ်အမြဲ သတိပေးစကား၊ အားပေးစကား၊ ချီးကျူးစကားများကို ပြောတတ် သေးသည်။ ကျွန်တော်ရေးသားခဲ့သော "ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်မိတ်ဆက်ပွဲတွင်လည်း နေထိုင်မကောင်းသည့်ကြားမှ တက်ရောက်ခဲ့ကာ သံမဏိလူသားကြီးသည် "သမ္မတဖြစ်ချင်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ယှဉ်ပါတယ်။ ကိုကျော်သူက သူသမ္မတဖြစ်ခဲ့ရင်လို့ဆိုတာ၊ ဖြစ်ချင်တာ မ ဟုတ်ပါဘူး။ သူဖြစ်ခဲ့ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေကို ဘယ်လိုဖြည့်ဆည်းပေးမယ်လို့ ဆိုလိုတာပါ။ သူသာသမ္မတဖြစ်ခဲ့ရင် ဆိုတာကတော့ မေတ္တာ၊ မုဒိတာ၊ ဂရု ဏာနဲ့ယှဉ်ပါတယ်။ ဒီလိုဆိုရင်တော့ အဲဒီကိစ္စဟာ အင်မတန်ကောင်းမြတ်တဲ့ ရည်ရွယ်ချက်ပါလို့ ကျွန် တော် ရဲရဲကြီး ဆိုလိုချင်ပါတယ်" ဟု အသိပေးစကား ဂုဏ်ပြုစကားများ ပြောကြားခဲ့ဘူးသည်။
၂ဝ၁၄ ခုနှစ် မဟာသင်္ကြန်မတိုင်ခင် ကာလအချိန်တွင် ဘဘဦးဝင်းတင် ကျန်းမာရေးဆိုးဝါးလာ၍ ဆေးရုံတက်ရကြောင်း ကျွန်တော်တို့သိရှိခဲ့သည်။ ဆေးရုံတစ်ရုံပြီး တစ်ရုံပြောင်းနေရကြောင်းလည်း ကျွန် တော်တို့သိရသည်။ နည်းနည်းနေကောင်းလာလိုက်၊ နေပြန်ဆိုးဝါးလိုက် စသည့် နေ့စဉ်ဖြစ်ပေါ်နေသော ကျန်းမာရေးဖြစ်စဉ်များကိုလည်း ကျွန်တော်တို့ သိရှိနေရသည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ထိုဖြစ်ရပ်များ၊ ထိုဖြစ်စဉ်များ အားလုံးကိုသိရှိ ကြားသိနေရသော်လည်း ကျွန်တော်တို့၏ ခံစားမှုများ၊ ဝမ်း နည်းမှုများ၊ စိုးရိမ်မှုများအား ရင်တွင်း၌ မြိုသိပ်ကာ ဘဘဦးဝင်းတင် ထံသို့သွားရောက် သတင်းမေးချင် သည့် ခြေလှမ်းများကို ထိမ်းချုပ်ထားရတော့သည်။ အဘယ့်ကြောင့်ဆိုသော် အထက်တွင် ဖော်ပြရေးသား ခံစားခဲ့ရသော အယူသည်းမှု လူသားများအား စိတ်ဆင်းရဲခြင်း ဒုက္ခမပေးလိုခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ ကြောင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်မှ သူမ၏ Facebook စာမျက်နှာပေါ်တွင် သူ၏ခံစားချက်အား "ကျွန်မ တို့က နာရေးကူညီမှုအသင်း လုပ်ဆောင်နေသူတွေဖြစ်လို့ နေမကောင်းတော်တော်ဖြစ်နေတဲ့ ဘဘ ဦးဝင်း တင်ကို သိပ်ပြီးသွားမေးချင်ပေမယ့် မမေးရဲ၊ မမေးရက်ဘူးဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဘဘကို ကတိ တစ်ခု ပေးနိုင်တာကတော့ ဘဘချစ်တဲ့ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေကို ဘဘရဲ့ သံမဏိစိတ်ဓာတ်မျိုးနဲ့ ဘဘလိုပဲ ရာသက်ပန် သယ်ပိုးသွားမယ်ဆိုတာကို ဘဘကို ချစ်မြတ်နိုး ရိုသေစွာ ကတိပေးလိုက်ပါတယ်။ ကျော်သူ+ရွှေဇီးကွက်" ဟု ရေးသားခဲ့သည်။ ထိုအခါ သူမ၏ Facebook စာမျက်နှာပေါ်တွင် Comments များ ချက်ချင်းတက်လာတော့သည်။ Like လုပ်သူများလည်း များစွာပေါ်လာသည်။ Comments များထဲ တွင် ဆေးရုံသို့သွားရန်၊ ဘဘကျန်းမာရေးအား မေးမြန်းရန် စသည့် တွန်းအားများ များစွာပါလာခဲ့သည်။ ထိုတွန်းအားများထဲတွင် ဘဘဦးဝင်းတင်၏ ဆွေမျိုးများမှလည်း ဆေးရုံသို့ လာရောက်မေးမြန်းရန် ရေး သား ထားမှုများ ပါဝင်လာသည်။ ထို့အပြင် တယ်လီဖုန်းများဖြင့် ကျွန်တော့်ဇနီး ထံသို့၎င်း၊ ကျွန်တော့်ထံသို့ ၄င်း ဆက်သွယ်၍ ဆေးရုံသို့သွားရောက်ရန် တိုက်တွန်းနှိုးဆော်မှုများလည်း ရှိခဲ့သည်။ ထို့အပြင် လူကြုံနှင့် လည်း ပြောကြားသည်ကိုလည်း ကြုံတွေ့ခဲ့ရသည်။ ထိုကဲ့သို့သော တွန်းအားများကြားထဲတွင် ကျွန်တော် တို့သည် ဘဘထံသို့ သွားရေး၊ မသွားရေး လွန်ဆွဲနေချိန် HIV လူနာများအား ကူညီစောင့်ရှောက်မှု ဂေဟာ ဖွင့်လှစ်ထားသော NLD မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှ ကျွန်တော့်ထံသို့ ဖုန်းဆက်ကာ "ကိုကျော်သူ ဘဘဆီကို မလာဘူးလား။ ဘဘက သတိရတိုင်း ကိုကျော်သူကို မေးမေး နေတယ်" ဟူသော စကားအား ကြားသိလိုက်ချိန် ကျွန်တော့်၏ ဇနီးရွေဇီးကွက်နှင့် ဆရာမသန်းမြင့်အောင် တို့ကလည်း ဆေးရုံကိုသွားပြီး ဘဘကို သွားကြည့်ပါစို့ ဟု လာရောက်ပြောကြားမှုကြောင့် ကျွန်တော် အား တင်း၍ ဆေးရုံသို့ရောက်ရှိ သွားခဲ့တော့သည်။ ကျွန်တော်တို့ ဇနီးမောင်နှံနှင့် ဆရာမတို့ (၃) ဦး ဆေးရုံသို့ ရောက်ရှိသောအခါ ဘဘ ဦးဝင်းတင်၏ ဆွေမျိုးများနှင့် ဆေးရုံတွင်ရောက်ရှိနေကြသော ဘဘ၏ မိတ်ဆွေ များက ကျွန်တော်တို့အား နားလည်မှုပြည့်ဝစွာဖြင့် ကြိုဆိုကြကာ ဘဘအား ထားရှိရာ ICU ခန်းမထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် ဘဘ၏ကုတင်ဘေးသို့ အနီးကပ်သွားရောက် အားပေးမှုပြုရန်အတွက် တစ်ဦးချင်း၊ တစ်လှည့်စီ၊ ပိုးသတ်ထားသော ဝတ်စုံအားဝတ်ဆင်၍ ဝင်ရောက်တွေ့ဆုံခဲ့ရသည်။ ကျွန်တော် တို့ (၃) ဦးစလုံး ဘဘဦးဝင်းတင်အား ဂါရဝပြု ကန်တော့ခဲ့ကြသည်။ ထိုစဉ်က ဘဘ၏မျက်လုံးများသည် လည်နေခြင်း၊ အားစိုက်၍ စူးစိုက်ကြည့်ရှုခြင်း၊ စကားများပြောသော်လည်း ပြောမထွက်လာခြင်း စသည့် ဝေဒနာများ ခံစားနေရသည်ကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရသည်။ ကျွန်တော်တို့၏ ဝမ်းနည်း၊ ပူဆွေးမှု သောကများအား ဟန်ဆောင်မျက်နှာဖုံးများတပ် ၍ ဆေးရုံမှ ပြန်လည်ထွက်ခွာခဲ့ရတော့သည်။
ယခု ဘဘဦးဝင်းတင် ဆုံးပါးသွားပြီ။ ဘဝတစ်ပါးသို့ ပြောင်းသွားပြီ။ သံမဏိလူသားကြီး တစ်ခြား ဂြိုလ်ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီမထိုးခင် ကျွန်တော် အင်တာနက်ကြည့်ရှုစဉ် ဘဘဦးဝင်းတင် ဆုံးသွားပြီဟူသော စာပေါ်လာသည်။ ကျွန်တော် မယုံကြည်နိုင်၊ ထို့ကြောင့် မဖြူဖြူသင်းထံသို့ ဖုန်းဆက်ကြည့်ရာ ကိုရာဇာမှ ငိုသံပါကြီးနှင့် ဘဘဦးဝင်းတင် ဆုံးသွားပြီ ဟူ၍ အတည်ပြုချက် ရခဲ့သည်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တယ်လီဖုန်းများ ဝင်လာတော့သည်။ ဘဘ ၏ ရုပ်ခန္ဓာအား ချက်ချင်း ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးရန်အတွက် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ နိဗ္ဗ္ဗာန်ယာဉ်ကြီးအား အမြန်ထွက်ခွာရန် ပြောကြားခဲ့ပြီး အသင်းသို့ နံနက်အစောပိုင်း ရောက်ရှိနေကြသော အသင်းသား/ သူများစုစည်း၍ ရန်ကုန်ဆေးရုံကြီးသို့ ချီ တက်ခဲ့တော့သည်။ ဆေးရုံကြီးအအေးခန်းသို့အရောက် အအေးခန်းပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်နေ သည်။ ကျွန်တော့်ထံသို့ ဖုန်းဝင်လာသည်။ “ဘဘဦးတင်ဦးတို့အဖွဲ့တွေ ရန်ကုန်ဆေးရုံကြီး ၅/ ၆ အဆောင် အပေါ်ထပ်တွင် အစည်းအဝေးလုပ်နေတယ်။ ဘဘဦးတင်ဦးက ကိုကျော်သူ ခေါ်ခိုင်းတယ်။” ဟူ၍ ပြော ကြားသောကြောင့် ကားတစ်စီးဖြင့် ချက်ခြင်းလိုက်သွားတော့သည်။ အစည်းအဝေး ပြုလုပ်နေသော အခန်း ထဲတွင် ဘဘဦးတင်ဦး၊ ဦးအေးသာအောင်၊ ဦးမိုးသူ၊ ဦးစိုးဝင်း၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ စသည့် နိုင်ငံရေးအဖွဲ့အစည်းမှ သူတစ်ချို့နှင့် ဘဘ၏ ဆွေမျိုးသားချင်းတို့အား တွေ့ဆုံကာ ဈာပနအခမ်းအနား ကိစ္စရပ်အသီးသီးတို့အား ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျန်ရစ်သော ရုပ်ခန္ဓာအား ၂၃.၄.၂ဝ၁၄ မွန်းတည့် (၁၂းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအချိန်အထိ ရေဝေးသုဿန်ခန်းမ (၁/က) တွင်ထားရှိပြီး နိုင်ငံရေး အဖွဲ့ အစည်းများ၊ ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ လာရောက်၍ နောက်ဆုံးဂါရဝပြု ဦးညွှတ်ကြရန် စီစဉ်ထားရှိပြီး ညနေ (၅းဝဝ) နာရီအချိန်တွင် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား နိဗ္ဗ္ဗာန်ယာဉ်ပေါ်သို့ သယ် ဆောင်၍ ဂူသွင်းသင်္ဂြိုဟ်မည့် နေရာသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။
ထိုနေ့သည်ကား မြန်မာပြည်သူ/ သားများ၊ နိုင်ငံရေးအဖွဲ့အစည်းများအတွက် အလွန်အရေးကြီး သော နေ့ရက်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ကာလများတွင် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရ သော နိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်ကြီးများ၊ သာသနာပြု ဆရာတော်ကြီးများ၏ ဈာပနအခမ်းအနားများတွင် ကျန်ရစ်သောသူတစ်ချို့၊ ဈာပနအခမ်းအနားတွင် လိုက်လံပို့ဆောင်ကြသော ပြည်သူလူထုတစ်ချို့၏ စည်း ကမ်းမဲ့၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ၊ ပူဆွေးသောကဒဏ်ကို မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး အခေါင်းအား လက်သီးဖြင့်ထုခြင်း၊ လိုက်လံပို့ဆောင်သော နိဗ္ဗ္ဗာန်ယာဉ်အား လက်သီးဖြင့်ထိုးခြင်း၊ အလောင်းထည့်ထား သောအခေါင်းအား လုယူကြခြင်း၊ လူမြင်မကောင်းအောင် အော်ဟစ်ငိုကြွေးကြခြင်း စသည့် အကျည်းတန် စေသည့်ကိစ္စရပ်များ မလုပ်သင့်သော လုပ်ရပ်များ ကြုံတွေ့ခဲ့ရဘူးသည်။ ထို့အပြင် သေဆုံးသွားသူအား အသုံးချကာ အမြတ်ထုတ်ခြင်း၊ နာမည်ကြီးအောင် ခုတုံးလုပ်ခြင်း၊ ဆူပူမှုများဖြစ်အောင် လှုံ့ဆော်ခြင်း၊ သွေးထိုးမြှောက်ပင့်ခြင်းတို့နှင့် အချို့နာရေးပို့ဆောင်သူများ ထဲတွင် အရက်သောက်စားခြင်း၊ မူးယစ်ဆေး သောက်သုံးထားခြင်း တို့ကိုလည်း မြင်တွေ့ခဲ့ရဘူးသည်။ ထို့ကြောင့် ဘဘဦးဝင်းတင်၏ နောက်ဆုံးခရီး အား ပို့ဆောင်ကြသော နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားလူငယ်များ၏ ဆန္ဒအရ စာ တမ်းဖတ်ကြားခြင်း၊ အမှတ်တရစကားများ ပြောဆိုခြင်း၊ ကဗျာရွတ်ဖတ်ခြင်းတို့အား ပြုလုပ်လိုပါက ရန်ကုန်မြို့၊ ပြည်လမ်း၊ မာလာဆောင်ရှေ့ ယုဒဿန်ရိပ်သာတွင် ဘဘဦးဝင်းတင် အမှတ်တရ ဂုဏ်ပြု အ ခမ်းအနား ပြုလုပ်ထားရှိပြီး ယင်းယုဒဿ န် တွင် သွားရောက်ကာ ဂုဏ်ပြုဂါရဝပြုနိုင်ရန် စီစဉ်ထားရှိသည်။
အချုပ်ဆိုရသော် သံမဏိလူသားကြီး၏ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်း အခမ်းအနားအား ကမ္ဘာ့ နိုင်ငံအသီးသီးမှ စောင့်ကြည့်နေကြသည်။ ဒီမိုကရေစီလိုလားသော၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင် နေသော မြန်မာနိုင်ငံရှိ လူများသည် ဒီမိုကရေစီနှင့် တန်/ မတန်ကို ကြည့်ရှုနေကြသည်။ ထို့ကြောင့် ထိုနေ့၊ ထိုအချိန်၊ ထိုနေရာတွင် ကျင်းပမည်ဖြစ်သော ဝမ်းနည်းဖွယ်ရာ၊ ဆုံးရှုံးမှုတစ်ရပ်ဖြစ်သော သံမဏိလူသား ကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုများ၊ ကျောင်းသားလူ ငယ်များ၊ နိုင်ငံရေးအသင်းအဖွဲ့များအနေဖြင့်  လူ့စည်းကမ်း၊ လူ့ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်များကို တစ်ဦးချင်း တစ်ယောက်ချင်း မိမိကိုယ်မိမိ စောင့်ထိန်းကြဖို့ အရေးကြီးဆုံးအချက်ပင် ဖြစ်တော့သည်။ အကယ်၍များ ထိုအခမ်းအနားတွင် လှုံ့ဆော်မှုများ၊ သွေးထိုးမှုများ၊ မြှောက်ပင့်မှုများ၊ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက လည်း အားလုံးစည်းလုံးညီညွတ်စွာ ဝိုင်းဝန်းငြိမ်သက်အောင် ထိန်းသိမ်းကြဖို့လည်း လိုအပ်လှသည်။
ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
ငြိမ်းချမ်း၊ ငြိမ်သက်၊ နွေးထွေးသော အကြင်နာတရား လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ ဝမ်း နည်းဖွယ်ရာ ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
အေးချမ်း၊ တိတ်ဆိတ်ပြီး ဂရုဏာတရားများ လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ အနိစ္စတရား ကို ဖော်ကျူးသော ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
စည်းကမ်းရှိသော ဒီမိုကရေစီလွှမ်းခြုံထားသော ပြည်သူလူထုအားလုံး ပို့ဆောင်ကြသည့် သံမဏိ လူသားကြီး၏ ဂြိုလ်ကမ္ဘာတစ်ခုသို့ ထွက်ခွာသွားသော အခမ်းအနားတစ်ခုအဖြစ်သာ မြင်တွေ့လိုလှပေ တော့သည်။
(ကျော်သူ)
ထိုကဲ့သို့ အယူသည်းသောသူများ၊ အုပ်စုများထဲတွင် ယနေ့ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၆း၃ဝ) နာရီအချိန်ခန့်က ဘဝတစ်ပါးသို့ ပြောင်းလဲသွားရရှာသော ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ၏ မိသားစုအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ မိတ်ဆွေသင်္ဂဟများ၊ လက်တွဲဖော်/
၂ဝ၁၄ ခုနှစ် မဟာသင်္ကြန်မတိုင်ခင် ကာလအချိန်တွင် ဘဘဦးဝင်းတင် ကျန်းမာရေးဆိုးဝါးလာ၍ ဆေးရုံတက်ရကြောင်း ကျွန်တော်တို့သိရှိခဲ့သည်။ ဆေးရုံတစ်ရုံပြီး တစ်ရုံပြောင်းနေရကြောင်းလည်
ယခု ဘဘဦးဝင်းတင် ဆုံးပါးသွားပြီ။ ဘဝတစ်ပါးသို့ ပြောင်းသွားပြီ။ သံမဏိလူသားကြီး တစ်ခြား ဂြိုလ်ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၂၁.၄.၂ဝ၁၄ ရက်နေ့ နံနက် (၇းဝဝ) နာရီမထိုးခင် ကျွန်တော် အင်တာနက်ကြည့်ရှုစဉ် ဘဘဦးဝင်းတင် ဆုံးသွားပြီဟူသော စာပေါ်လာသည်။ ကျွန်တော် မယုံကြည်နိုင်၊ ထို့ကြောင့် မဖြူဖြူသင်းထံသို့ ဖုန်းဆက်ကြည့်ရာ ကိုရာဇာမှ ငိုသံပါကြီးနှင့် ဘဘဦးဝင်းတင် ဆုံးသွားပြီ ဟူ၍ အတည်ပြုချက် ရခဲ့သည်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တယ်လီဖုန်းများ ဝင်လာတော့သည်။ ဘဘ ၏ ရုပ်ခန္ဓာအား ချက်ချင်း ရေဝေးအအေးခန်းသို့ ပို့ဆောင်ပေးရန်အတွက် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရ
ကွယ်လွန်သူ ဘဘဦးဝင်းတင်၏ ကျန်ရစ်သော ရုပ်ခန္ဓာအား ၂၃.၄.၂ဝ၁၄ မွန်းတည့် (၁၂းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအချိန်အထိ ရေဝေးသုဿန်ခန်းမ (၁/က) တွင်ထားရှိပြီး နိုင်ငံရေး အဖွဲ့ အစည်းများ၊ ပြည်သူလူထုများ၊ ကျောင်းသားလူငယ်များ လာရောက်၍ နောက်ဆုံးဂါရဝပြု ဦးညွှတ်ကြရန် စီစဉ်ထားရှိပြီး ညနေ (၅းဝဝ) နာရီအချိန်တွင် ဘဘဦးဝင်းတင်၏ ရုပ်ခန္ဓာအား နိဗ္ဗ္ဗာန်ယာဉ်ပေါ်သို့ သယ် ဆောင်၍ ဂူသွင်းသင်္ဂြိုဟ်မည့် နေရာသို့ သယ်ယူပို့ဆောင်မည်ဖြစ်သည်။
ထိုနေ့သည်ကား မြန်မာပြည်သူ/
အချုပ်ဆိုရသော် သံမဏိလူသားကြီး၏ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခြင်း အခမ်းအနားအား ကမ္ဘာ့ နိုင်ငံအသီးသီးမှ စောင့်ကြည့်နေကြသည်။ ဒီမိုကရေစီလိုလားသော၊ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင် နေသော မြန်မာနိုင်ငံရှိ လူများသည် ဒီမိုကရေစီနှင့် တန်/
ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲ အဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
ငြိမ်းချမ်း၊ ငြိမ်သက်၊ နွေးထွေးသော အကြင်နာတရား လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ ဝမ်း နည်းဖွယ်ရာ ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
အေးချမ်း၊ တိတ်ဆိတ်ပြီး ဂရုဏာတရားများ လွှမ်းခြုံထားသော သံမဏိလူသားကြီး၏ အနိစ္စတရား ကို ဖော်ကျူးသော ဈာပနအခမ်းအနားအဖြစ်သာ မြင်တွေ့လိုလှပေတော့သည်။
စည်းကမ်းရှိသော ဒီမိုကရေစီလွှမ်းခြုံထားသော ပြည်သူလူထုအားလုံး ပို့ဆောင်ကြသည့် သံမဏိ လူသားကြီး၏ ဂြိုလ်ကမ္ဘာတစ်ခုသို့ ထွက်ခွာသွားသော အခမ်းအနားတစ်ခုအဖြစ်သာ မြင်တွေ့လိုလှပေ တော့သည်။
(ကျော်သူ)
No comments:
Post a Comment