Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

ဖမ်းဆီးခံထားရသော ကိုနိုင်စိုးဖခင် စစ်တွေဆေးရုံတွင် သတိလစ်နေ

10 April 2014

စစ်တွေမြို့ NGO များတိုက်ခိုက်ခံရမှုနှင့် ဆက်စပ်၍ စစ်တွေထောင်ထဲတွင် ဖမ်းဆီးခံထားရသော ဓည၀တီရပ်ကွက်မှ ကိုနိုင်စိုး ဖခင် ဦးမောင်သိန်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး အချိန်အကြာကြီး သတိလစ်နေသဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ရွှေ့ပြောင်းကုသထားရကြောင်း သိရသည်။

အသက်(၅၉)နှစ်ရှိပြီဖြစ်သော ဦးမောင်သိန်းမှာ ဆေးရုံရောက်ပြီး(၃)ရက်မြောက်သည်အထိ သတိပြန်မရသေးသည့်အတွက် မနေ့က ညည့်အချိန်မှာ စစ်တွေဆေးရုံဆရာဝန်ကြီးခွင့်ပြုချက်အရ အရေးပေါ်လူနာအဖြစ် ကုသနေရသည်ဟု မိသားစုဝင်များက ပြောသည်။

“ထောင်ထဲမှာဖျားတယ်ကြားပါတယ်။ ဖျားပြီးသွေးတိုးတယ်။ ကျွန်တော်တို့ အပြင်ကနေ ပေးလိုက်တဲ့ စောင်တွေ၊ ပုဆိုး၊ အကျီတွေ၊ အိပ်ရာခင်းတွေ၊ စားစရာတွေက ကျွန်တော့အဖေဆီကို မရောက်ဘူး။အဲဒါကြောင့် ဖြစ်သလို ထောင်ထဲမှာ အိပ်ရတယ်။ ပုဆိုးခြုံပြီး ထောင်ထဲမှာ အိပ်ခဲ့ရတော့ စိတ်ဖိစီးမူကြောင့် အအေးပတ်ပြီး ဦးနှောက်သွေးကြောပေါက်သွားတာလို့ ဆရာဝန်က ကျွန်တော်တို့ကို ပြောတယ်”ဟု ဦးသိန်းမောင်၏ သားဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းကိုနိုင်စိုးက နိရဉ္စရာကို ပြောသည်။

“ဧပြီလ(၇)ရက်နေ့ ကကျွန်တော့အမေက ထောင်ဝင်စာ တွေ့ခွင့်တောင်းတော့မှ အဖေသတိ မေ့နေတယ် ဆိုတာကို သိရတာပါ။ အဲဒီမှ ကျွန်တော်တို့မိသားစုဝင်တွေက တောင်းဆိုတော့မှ ထောင်ကနေ စစ်တွေ ဆေးရုံကြီးကို ပြောင်းရွှေ့ ကုသပေးတာပါ” ဟု သူကဆက်ပြောသည်။

ဦးမောင်သိန်းသတိလစ်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကာ ယခုအချိန်တွင် မိသားစုဝင်များက အနီးကပ်ပြုစုကုသပေးနေရသည်။

စစ်တွေမြို့NGOများတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မတ်လ(၃၁)ရက်နေ့တွင် ရခိုင်လူမျိုး အမျိုးသား(၆)ဦးနှင့် အမျိုးသမီး(၆)ဦး ပေါင်း(၁၂)ဦးဖမ်းဆီးခံခဲ့ရပြီး လူမှားဖမ်းမိသည်ဟု ဆိုကာ အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

(နိရဉ္စရာ- ၉ ဧပြီ ၂၀၁၄)/ လင်းမြတ် (ပေါက်တော)
via thithtoolwin


No comments:

Post a Comment