အသက် ၅၆ နှစ်အရွယ် တံငါသည် ဒွန်နာပက်စ်ကို နဲ့ သူမအဖွဲ့ ဟာ အရှည် ၈ ပေ ကိုးလက်မ ရှိတဲ့
ဆူးတောင်ပြာတူနာ ငါးကြီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီတူနာငါးကြီးဟာ အလေးချိန် ပေါင် ၈၉၆ ပေါင်
(၆၄စတုံ) ရှိပြီး ဆင်ပေါက်လေးတစ်ကောင်အလေးချိန်နှစ်ဆနဲ့ ညီမျှပါတယ်။
အသက် ၅၆ နှစ်အရွယ် ငါးဖမ်းသမား ဒွန်နာပက်စ်ကို ရဲ့ ငါးမျှားချိတ်မှာ ဆူးတောင်ပြာ ပစိဖိတ်တူနာငါးကြီးကို မိခဲ့တာပါ။ ဒွန်နာဟာ အရှည် ၈ ပေ ၉ လက်မရှိတဲ့ တူနာငါးကြီးနဲ့ သူမဟာ လေးနာရီကြာ တိုက်ပွဲဝင်ခဲ့ရပါတယ်။
အလေးချိန် ပေါင် ၆၀ ဒဏ်ခံနိုင်တဲ့ ငါးဖမ်းကြိုးလေးခွေ ကိုအသုံးပြုပြီးမှ ဒီငါးကြီးကို ဖမ်းမိခဲ့တာပါ။ ငါးကြီးဟာ ၄၁၁.၆ ကီလိုဂရမ်ရှိပြီး တူနာငါးသေတ္တာပေါင်း ၂၅၇၂ သေတ္တာနဲ့  တူနာအသားညှပ်ပေါင်မုန့်  ၅၁၄၅ ခုကို ဒီငါးကြီးရဲ့ အသားနဲ့ လုပ်နိုင်တယ်လို့ ဆိုပါတယ်။
နယူးဇီလန်နိုင်ငံ၊ ရီအင်ဂါ အငူအလွန်က Three Kings ကျွန်းစုအနီးမှာ ဖမ်းဆီးရရှိခဲ့တာပါ။
“ တော်တော်ခေါင်းမာပြီး ရိုင်းစိုင်းတဲ့ငါးကြီးပဲ။ ကျွန်မကလည်း အဲလိုလူမျိုးပဲလေ။ သူ့ ကိုအမိဖမ်းခဲ့နိုင်တာပေါ့” လို့ ဒွန်နာ က ပြန်လည်ပြောပြပါတယ်။
မနှစ်တုန်းက အလေးချိန် ၃၄ စတုံ၊ ၂၂၂ ကီလိုဂရမ်သာ ရှိတဲ့ ဆူးတောင်ပြာတူနာငါးကြီးကို ဂျပန်နိုင်ငံ၊ တိုကျို မြို့ ငါးဈေးမှာ ဒေါ်လာ ၁.၀၉ သန်းနဲ့ လေလံဆွဲဝယ်သူသွားခဲ့တာမို့ ဒီငါးကြီးဟာ အနည်းဆုံး ဒေါ်လာ နှစ်သန်းကျော် ရရှိမယ်လို့ ခန့် မှန်းထားကြပါတယ်။
ဒါပေမယ့် ဒီငါးကြီးကို သူမတို့ အဖွဲ့ ဟာ စီးပွားရေးသုံးငါးဖမ်းသဘောင်္ကနေ ဖမ်းယူရရှိခဲ့တာမဟုတ်လို့  ဒီအကောင်ကြီးကို ရောင်းချခွင့်မပြုဘူးလို့ လည်း သိရပါတယ်။
ဒွန်နာဟာ သူမအခန်းနံရံမှာ အစာသွပ်ပြီး အလှပြချိတ်ဆွဲထားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Ref: Mirror.co.uk
Trend Myanmar
No comments:
Post a Comment