Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

မြစ်ဆုံအထိ လမ်းလျှောက်အဖွဲ့ဝင်အချို့ ကားစီးမှုနှင့် ပတ်သက်၍ အဖွဲ့ဝင်အချင်းချင်း စကား အချေအတင်ဖြစ်


 

မတ်လ ၂၃ ရက်တွင် ရန်ကုန်မြို့မှ အင်အား(၁၀၀)ဦးခန့်ဖြင့် စတင်ထွက်ခွာလာသည့် လမ်းလျှောက်အဖွဲ့ သည် မကွေးမြို့သို့ ရောက်ရှိစဉ် ဧပြီ ၆ ရက်နေ့တွင် ခေါင်းဆောင်(၄)ဦး နှုတ်ထွက်ခဲ့သလို ဧပြီ ၇ ရက်နေ့ ကလည်း ကားစီးမှုနှင့်ပတ်သက်၍ စကားအချေအတင်ဖြစ်ခဲ့ကြကြောင်း ခရီးစဉ်လိုက်ပါသူအချို့ထံမှ သိရသည်။

`` ကျွန်တော်တို့က မြစ်ဆုံအထိ လမ်းလျှောက်မယ့်အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဦးဆောင်ခဲ့တာပါ၊ လမ်းလျှောက် အဖွဲ့ဆိုမှတော့ လမ်းလျှောက်ရမှာပေါ့၊ အချို့က လမ်းမလျှောက်ဘဲ ကား စီးနေတော့ ပြည်သူက လည်း မြင်ပြီပေါ့ဗျာ၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စကားအချေအတင်ဖြစ်ကြတယ်´´ ဟု နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ဦးဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် လမ်းလျှောက်အဖွဲ့နှင့်အတူ အ၀တ်အထည်အသုံးအဆောင်ပစ္စည်းများ သယ်ဆောင်သော Toyota Lite Ace တစ်စီးနှင့် Suzuki R + တစ်စီးတို့ ပါဝင်ပြီး လမ်းလျှောက်အဖွဲ့ထဲမှ အသက်အရွယ်ကြီးရင့် သူအချို့က ကားပေါ်၌ စီးနင်းလိုက်ပါနေကြောင်း မကွေးမြို့ခံတစ်ဦးက ပြောသည်။

``အသက်အရွယ်ကြီးတဲ့သူတွေတင်မကပါဘူး၊ လူငယ်တွေလည်း တက်စီးနေတာပါ၊ မြို့ထဲဝင်ခါနီးမှ ကားပေါ်က ဆင်းပြီး လမ်းလျှောက်ကြတာ၊ ရန်ကုန်ကနေ ဒီ မကွေးအထိ ဒီလိုပဲ လုပ်နေကြတာနဲ့ တူပါတယ်၊ ခေါင်းစဉ်က မြစ်ဆုံအထိလမ်းလျှောက်အဖွဲ့ဆိုတော့ အထင်ကြီးစရာပေါ့၊ ဒါပေမယ့် ကျွန်မ ကတော့ ကိုယ်တိုင် မြင်ခဲ့ရတာဆိုတော့ လုံးဝအယုံအကြည် မရှိပါဘူး ´´ ဟု မကွေးမြို့ခံ မဇာခြည် သန်းက ပြောကြားသွားသည်။

လမ်းလျှောက်အဖွဲ့တွင် ငွေကြေးပြဿ   နာ များနှင့် အခြားညှိနှိုင်း မရသော ပြဿ     နာများကြောင့် ခေါင်းဆောင် (၄)ဦး နှုတ်ထွက်သွားမှုနှင့်ပတ်သက်၍ `` လမ်းလျှောက် အဖွဲ့ ခေါင်းဆောင်က သူလုပ်ချင်သလို လုပ်နေတာပါ၊ ဘယ်သူနဲ့မှ မတိုင်ပင်ဘူး၊ ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ရင်လည်း မချေမငံပြောတော့ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်တာကို လူပြောစရာဖြစ်နေတာပေါ့၊ ပြည်သူတွေလှူတဲ့ ငွေတွေကိုလည်း ရှင်းလင်း မပြနိုင်ပါဘူး၊ လုပ်ငန်း လိုအပ်ချက်အရ အစည်းအဝေးလုပ်ဖို့ ပြောရင်တောင် လက်မခံတော့ တဲ့အတွက် ရှေ့ဆက်မလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ ´´ ဟု လမ်းလျှောက်အဖွဲ့၏ စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူခဲ့သူ ကိုသက်ပိုင်စိုးက ပြောသည်။

လမ်းလျှောက်အဖွဲ့သည် မိုင်ပေါင်း(၁၆၀၀) ခရီးကို (၄)လနီးပါးကြာ လမ်းလျှောက်ရန် စီစဉ်ထားပြီး ဧပြီ(၈) ရက်နေ့ (ယနေ့)တွင် ရေနံချောင်းသို့ ဆက်လက်ချီတက်နေပြီဖြစ်ကြောင်း သိရှိရပါသည် 
 
From: ကိုလင်း (မကွေး)

www.mmdailystar.com

No comments:

Post a Comment