Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 3, 2014

ရိုးရာလက်ဝှေ့သမား ပဲပြားမောင်မောင် ထိုင်းလက်ဝှေ့သမား ထိုးချက်ဖြင့် ကွယ်လွန်



မွန်ပြည်နယ်တွင် ကျင်းပ ခဲ့သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲ၌ မြန်မာ့ရိုးရာလက်ဝှေ့သမား ပဲပြား မောင်မောင်သည် ပြိုင်ဘက်ထိုင်း လက်ဝှေ့သမား၏ ထိုးချက် ကြောင့် မေ့မြောသွားခဲ့ပြီး ဆေးရုံ သို့ ပို့ဆောင်ခဲ့သော်လည်း လမ်း တွင် အသက်ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။
ဧပြီ ၁ ရက်က ရေးမြို့နယ် ဟံဂံရွာတွင် ကျင်းပခဲ့သည့် ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၏ ပွဲစဉ် ပထမအ ချီ၌ပင် ပဲပြားမောင်မောင်သည် ထိုင်းလက်ဝှေ့သမား စင်ခွန်၏ တံတောင်သုံးချက် ဆင့်ရိုက်မှု ကြောင့် ကုပ်ပိုးနှင့် မေးရိုးကို နှစ် ချက်ထိပြီး မေ့မြောသွားကြောင်း၊ ၎င်းအား ရေးမြို့နယ်ဆေးရုံသို့ ပို့ ဆောင်ခဲ့သော်လည်း အသက်ဆုံး ရှုံးသွားကြောင်း မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် တာဝန်ရှိသူ က အတည်ပြုပြောကြားသည်။
‘‘ပဲပြားမောင်မောင် ဆုံး သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်သိသလောက်တော့ သူ့ မှာ တခြားရောဂါတော့ မရှိပါ ဘူး။ ဟံဂံရွာက လက်ဝှေ့ပွဲကို သွားထိုးဖို့ အိမ်ကနေ ၂၉ ရက်က ထွက်သွားတာပါ’’ ဟု မြိုင်ကြီးငူ ရွာတွင် နေထိုင်သူ ၎င်း၏အစ်ကို စောလင်းနိုင်ဦးက ပြောသည်။
ရိုးရာလက်ဝှေ့သမား ပဲပြား မောင်မောင် (အမည်ရင်း စော လင်းထက်) သည် ကွယ်လွန်ချိန် တွင် အသက် (၂၇)နှစ် ရှိပြီဖြစ် ပြီး ဘားအံမြို့နယ်၊ ပျဉ်းမပင် ဆိပ်ရွာဇာတိဖြစ်ကြောင်း စော လင်းနိုင်ဦး၏ ပြောပြချက်အရ သိရှိရသည်။
ပဲပြားမောင်မောင်သည် အ သက် (၁၆)နှစ်အရွယ်ခန့်တွင် ရိုး ရာလက်ဝှေ့ပြိုင်ပွဲများ၌ စတင် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ် က နေပြည်တော်တွင် ကျင်းပခဲ့ သည့် စီသုံးလုံးပြိုင်ပွဲ၌ ရွှေတံ ဆိပ်ရရှိခဲ့ကြောင်း သိရှိရသည်။
‘‘ဒီလိုအဖြစ်အပျက်မျိုးတွေ အရင်တုန်းက ကြားဖူးပါတယ်။ ဒါပေမဲ့ အရင်တုန်းက ဖြစ်တာ တွေက ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် လက်ဝှေ့သမားရဲ့ ထိုးချက်ကို လေး၊ငါးချီလောက်ခံရပြီး မေ့ မြောသွားပြီးမှ ဖြစ်တာမျိုးပါ။ ခု လိုမျိုး ပွဲစစချင်းမိနစ်ပိုင်းအတွင်း မှာ ဖြစ်သွားတာမျိုးတော့ တစ်ခါ မှ မကြားဖူးသေးပါဘူး’’ ဟု အဖွဲ့ ချုပ်တာဝန်ရှိသူက ပြောသည။်
ဟံဂံရွာတွင် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မတ်လ ၃၁ ရက်တွင် စတင်ကျင်းပနေပြီး ပဲပြားမောင်မောင်နှင့် ထိုင်းလက်ဝှေ့ သမားတို့၏ ပွဲစဉ်သည် ပြိုင်ပွဲ၏ နောက်ဆုံးရက်တွင် ကျင်းပခဲ့ ခြင်းဖြစ်သည်။ ထိုင်း-မြန်မာ လက်ဝှေ့ပွဲစဉ် ၁၁ ပွဲခန့် ထည့် သွင်းကျင်းပခဲ့သည့် အဆိုပါရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များဖြစ်သည့် စော ငန်း၊ စိုးလင်းဦးတို့ ယှဉ်ပြိုင်ခဲ့ သည့် ပွဲစဉ်များလည်း ပါဝင်ခဲ့ ကြောင်း သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment