ကုမ္ပဏီတွေရဲ့ လုံခြုံရေးနဲ့ ငွေကြေးပြဿနာတွေမှာ ဝန်ထမ်းမလိုဘဲ စောင့်ကြည့်နိုင်မယ့် ထောက်လှမ်းရေးသုံး စပိုင်ပစ္စည်းတွေ ဝယ်လိုပါသလား။ သားသမီးတွေကို စောင့်ကြည့်ဖို့လည်း သုံးနိုင်တာကြောင့် လူသုံးများလာပြီလို့ဆိုပါတယ်။
အသံဖမ်းစက်ရောင်းရာကနေ ဟောင်ကောင်က သူဌေးတစ်ယောက်နဲ့ ဆုံပြီးနောက်မှာတော့ ထောက်လှမ်းရေး စပိုင်ပစ္စည်းတွေ မြန်မာပြည်မှာ ရှိသင့်တယ်လို့ မြန်မာအစိုးရက ပြောတာကြောင့် ဆိုင်ဖွင့်ခဲ့တယ်လို့ Mr. Slim အရောင်းဆိုင်က ဆိုပါတယ်။
ရန်ကုန်မြို့ တာမွေမြို့နယ်ထဲက Mr. Slim အရောင်းဆိုင်မှာ အပျော်တမ်း ကင်မရာတစ်လုံး ကျပ် ၈သောင်းလောက်ရှိပြီး ဘောလ်ပင်ကမရာ၊ သော့ချိတ်ကင်မရာတွေဟာ လူငယ်တွေကြားမှာ အသုံးများလာနေတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးကိစ္စ ဖမ်းဆီးရေးတွေမှာလည်း ထောက်လှမ်းရေးသုံး စပိုင်ဒီဂျစ်တယ် ပစ္စည်းတွေက အသုံးဝင်လာနေပြီလို့ ဆိုပါတယ်။ စီးပွားရေးနဲ့ လူမှုရေး အရှုပ်အရှင်းတွေကြားကနေ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်သိဖို့အတွက် အဆင့်မြင့် နည်းပညာသုံး လုံခြုံရေးစက်ပစ္စည်းတွေနဲ့ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
Kamayu Media
No comments:
Post a Comment