Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 12, 2014

ရိုဟင်ဂျာကို ထည့်မကောက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ စံချိန်စံညွှန်းကို ဖောက်ဖျက်ရာ မရောက်ဟု ၀န်ကြီးဦးခင်ရီပြော

11 April 2014

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာဟု ဖြေဆိုမည့်သူများအား
မကောက်ယူခဲ့ခြင်းမှာ အမျိုးသား အကျိုးစီးပွား ကာကွယ်ရေး အတွက်ဖြစ်ပြီး နိုင်ငံတကာစံချိန်
စံညွှန်းကိုလည်း ဖောက်ဖျက်ရာ ရောက်သည်ဟု မထင်မိကြောင်း လူဝင်မူ ကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊
လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၌ ဧပြီ၁၁ရက်က ပြုလုပ်သော သန်းခေါင်စာရင်း
ကောက်ယူခဲ့မှုနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာတိုင်းမ်မှ မေးမြန်းချက်ကို
ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ဒီနိုင်ငံမှာ ရိုဟင်ဂျာကို လက်ခံထားတာမရှိပါဘူး။ နိုင်ငံတကာစံနှုန်းကို လိုက်နာရသလိုပဲ
တဖက်မှာလည်း နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာ အာဏာကို
လိုက်နာရတာရှိပါတယ်။ဒါကို ချိန်ဆပြီးဆောင်ရွက်ရပါတယ်။ ရခိုင်မှာ သွေးထွက်သံယိုမှုတွေ
မဖြစ်ခဲ့တဲ့အတွက် ဒီလိုရွေးချယ်ခဲ့တာကို မှန်တယ်လို့ မြင်တယ်"ဟု ၎င်းက ပြောကြားသည်။

ရိုဟင်ဂျာလူမျိုးဟု ဖြေဆိုသူများကို ထည့်မကောက်ခဲ့သည့်အတွက် အစိုးရအနေဖြင့် ကုလသမဂ္ဂ
လူဦးရေ ရန်ပုံငွေအဖွဲ့၊ ပြည်ပအလှူရှင်နိုင်ငံများနှင့်လည်း ဆက်ဆံရေး များ ပျက်ပြားခဲ့ခြင်း
မရှိကြောင်း ၀န်ကြီးဦးခင်ရီက ပြောသည်။ "ရိုဟင်ဂျာကို မကောက်တာက နိုင်ငံတော်မူအရ
လည်းဖြစ်တယ်။ ရိုဟင်ဂျာတွေကို ကောက်လိုက်လို့ ရခိုင်မှာ သွေးချောင်းစီးတာတွေလည်း
အဖြစ်မခံနိုင်ဘူး"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးများကို ထည့်သွင်းကောက်
ယူခြင်း မပြုသော်လည်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ ရိုဟင်ဂျာလူမျိုး
များ၏ လူဦးရေစာရင်းများရှိကြောင်း ၀န်ကြီးဦးခင်ရီက ပြောသည်။ "တရုတ်လူမျိုးရဲ့ ဇာစ်မြစ်က
တရုတ်နိုင်ငံရှိတယ်။

ရိုဟင်ဂျာနိုင်ငံဘယ်မှာလည်းပြော။ ဘယ်နိုင်ငံကရော ရိုဟင်ဂျာဆိုတာ လက်ခံထားလဲ။ အဲဒါကို
ကျွန်တော်တို့ နိုင်ငံတစ်ခုထဲကိုပဲ လက်ခံလို့ ပြောရင် ဘယ်လိုလုပ်ဖြစ်မလဲ"ဟု ၎င်းက ပြောသည်။
မတ်၃၀ရက်မှ ဧပြီ၁၀ရက်အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ရိုဟင်ဂျာဟု ဖြေဆိုသူများ
ကို ထည့်သွင်းကောက်ယူခြင်း မပြုသော်လည်း လူမျိုးနေရာတွင် ကွက်လပ်ထားခြင်း(သို့) ရိုဟင်
ဂျာလူမျိုးဟု မဖြေဆိုခြင်းများ ပြုလုပ်မည်ဆိုပါက မေလမကုန်ခင်အထိ အချိန်မရွေး ကောက်ယူ
ပေးသွားမည်ဟု လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါ်ခိုင်ခိုင်စိုး
က ပြောသည်။

"ကျွန်မတို့က မကောက်တာမဟုတ်ပါဘူး။ သူတို့က အကောက်မခံတာပါ။ သူတို့အကောက်ခံမယ်
ဆိုရင် အချိန်မရွေးသွားကောက်ပေးပါ့မယ်။ ဒီလူမျိုးနာမည်ကိုတော့ ကျွန်မတို့ရေးသွင်းခွင့် မပြုပါ
ဘူး။ သူတို့မဖြေချင်ရင် လူမျိုးနေရာမှာ ကွက်လပ်ထားခဲ့လို့ရပါတယ်။ လူမျိုးအမည်အမှန်ရေးလို့
ရပါတယ်။ အချိန်မရွေး ပြန်ခေါ်ပါ။ ပြန်ကောက်ပေးပါ့မယ်"ဟု ၎င်းက ပြောသည်။

ရဲမွန် / မြန်မာတိုင်း(မ်)
via THIT HTOO LWIN

No comments:

Post a Comment