Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

ယာဉ်ရပ်နားခ မပေးပါက လိုင်စင်သက်တမ်းတိုးလျှင် ဒဏ်ကြေးဆောင်ရမည်


Friday, April 11, 2014
လေလံစနစ်ဖြင့် ယာဉ်ရပ်နားခ ကောက်ခံခွင့် ပေးထားသော နေရာများ၌ အခကြေးငွေ ပေးဆောင်မှု မပြုလျှင်ယာဉ်လိုင်စင်သက်တမ်း တိုးပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တွင်း မြို့နယ် ၆ မြို့နယ်၌ ကားရပ်နားခကို လေလံစနစ်ဖြင့် ကောက်ခံခွင့်ပေးရာ ယခုလ ၄ ရက်နေ့မှ စတင်ကောက် ခံနေပြီဖြစ်သည်။

ကားရပ်နားခကို ယခင်ဘဏ္ဍာနှစ် ၂ဝ၁၃-၂ဝ၁၄ တွင် ကောက်ခံမှု ရပ်ဆိုင်းထားခဲ့သဖြင့် ပြန်လည်ကောက်ခံရာတွင် လေလံရရှိသူများ အခက်အခဲ ရှိနိုင်ရာ အခကြေးငွေမပေးဆောင်သည့် ယာဉ်များကို နံပါတ်မှတ်ယူ တိုင်ကြားခွင့်ပေးထားသည်ဟု သိရသည်။

တိုင်ကြားခံရသော ယာဉ်များအနေဖြင့် လိုင်စင်သက်တမ်းတိုးပါက ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်သည်။ ယာဉ်ရပ်နားခကို တစ်နာရီ ၂ဝဝ ကျပ်နှုန်း သတ်မှတ်ထားပြီး နံပါတ်တပ်လမ်း ဥပမာ ၁ လမ်း ၂ လမ်း အစရှိသည့် လမ်းများတွင်မူ ယာဉ်ရပ်နားခကို ကင်းလွတ်ခွင့်ပေးထားသည်။

ယခင် အစိုးရ လက်ထက်တွင်လမ်းရှင်းစနစ် ဖော်ဆောင်သော လမ်းများ ဥပမာ-အနော်ရထာနှင့် မဟာဗန္ဓုလ လမ်းမများပေါ်တွင် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအထိ ယာဉ်နားခွင့်မရှိဟူသော စနစ်ကိုလည်းပယ်ဖျက်ကာ ယင်းလမ်းများပေါ်၌ ကားပါကင်ပုံစံ ဆေးဝါများရေးဆွဲထားပါက ယာဉ်နားခပေးဆောင်ရမည် ဖြစ်သည်။ ကားပါကင်နေရာ သတ်မှတ်မထားပါက ယာဉ်ရပ်နားခွင့် ရှိမည်မဟုတ်ပေ။

ထို့အပြင် ယခင်ယာဉ်ရပ်နားခ ကောက်ခံစဉ်က ရန်ကုန်စည်ပင်က ထုတ်ပေးထားသည့် ယာဉ်ရပ်နားခကင်းလွတ်ခွင့် ကတ်ပြားများကိုလည်း ရန်ကုန်စည်ပင်က ထုတ်ပေးတော့မည် မဟုတ်သောကြောင့် ရပ်နားယာဉ် တိုင်း လေလံအောင် လုပ်ငန်းသို့ အခကြေး ငွေပေးဆောင် ရမည် ဖြစ်သည်။

မြို့တွင်း ခြောက်မြို့နယ်အတွင်း ယာဉ်ရပ်နားခ ကောက်ခံရန် ဇုန်ကိုးခု သတ်မှတ်ကာ လေလံတင်ခဲ့ရာတွင် ဇုန်တစ်ခုလျှင်အများဆုံးလေ လံ ဈေးကျပ်သိန်း ၃၁ဝဝ နှင့် အနည်းဆုံး ကျပ် သိန်း ၁၅ဝဝ ခန့်ရရှိ ခဲ့ကြောင်း ရန်ကုန် စည်ပင်မှ သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment