Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

မိန်းကလေးများရဲ့ချိုင်မွှေးဟာ သဘာဝအလှဖြစ်ကြောင်း Ben Hopper တင်ပြ

သူတို့လက်မောင်းအောက်က ချိုင်းမွှေးတွေပြနေတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံကတော့ ပုံမှန်သတ်မှတ်ထားတဲ့ အလှတရားစံနှုန်းတွေကို စိန်ခေါ်လျက်ရှိပါတယ်...


လန်ဒန်အခြေစိုက် ဓာတ်ပုံသမား Ben Hopper က Natural Beauty ဓာတ်ပုံစီးရီးအတွက် ချိုင်းမွှေးရှိတဲ့ မော်ဒယ်များစွာကို စုဆောင်းရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ မိန်းမတစ်ယောက်ဟာ ဆွဲဆောင်မှုရှိဖို့အတွက် လူ့အဖွဲ့အစည်း မျှော်လင့်ထားအတိုင်း လိုက်လုပ်စရာမလိုဘူးလို့ ဆိုပါတယ်။

“အဓိက ကတော့ ဖက်ရှင်ဂရုစိုက်တဲ့ မိန်းမတွေရဲ့အလှနဲ့ သဘာဝမိန်းမတွေမှာရှိနေတဲ့ ချိုင်းမွှေးနဲ့ပုံစံက ခြားနားနေတဲ့ အကြောင်းပါ” လို့ Ben Hopper က Huffington Post ကို ပြောကြားခဲ့ပါတယ်။


“ကျွန်တော်ထင်ပါတယ်။ (ဓာတ်ပုံတွေက) လူတော်တော်များများကို အံ့အားသင့်သွားစေလိမ့်မယ်။ ဒါကလည်း ကျွန်တော့်ရည်ရွယ်ချက်တွေထဲက တစ်ခုပါ” လို့၎င်းကဆိုပါတယ်။

သူရဲ့ ဝက်ဆိုက်မှာတော့ Hopper က “ချိုင်းမွှေးဆိုတာ သဘာဝတစ်ခုပဲ။ ရာစုနှစ်တစ်ခုနီးပါး ဖယ်ရှားဖို့အားပေးရင်းနဲ့ အလှလောက က ကျွန်တော်တို့ကို ရိုက်သွင်းထားခဲ့တယ်။ Natural Beauty ကိုတော့ ကန့်ကွက်ဆန္ဒပြတဲ့ ပုံစံမျိုး သတ်မှတ်လို့ရပါတယ်” လို့ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Photo : glamour.com



No comments:

Post a Comment