Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

Amber Heard နဲ့ ကလေး အယောက် ၁၀၀ လောက် လိုချင်တယ်ဆိုတဲ့ Johnny Depp

Angel on 2014-04-10 16:56
သတင်းတွေအရ Amber Heard တစ်ယောက် Johnny Depp ရဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ သိရပါတယ်။ ဒီသတင်းသာ တကယ်မှန်ခဲ့ရင် ပထမအိမ်ထောင် Vanessa Paradis နဲ့ ရခဲ့တဲ့ ကလေးနှစ်ယောက်အပြီး တတိယမြောက်ရင်သွေးလေးကို Johnny Depp တစ်ယောက် ပိုင်ဆိုင်ရတော့မှာပါ။
Amber ရဲ့ ရည်းစားဟောင်း Mark Wystrach ကို မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာ မေးမြန်းခဲ့ရာမှာ Amber တစ်ယောက် ကိုယ်ဝန်ရှိနေပြီလို့ ဖြေကြားခဲ့တာပါ။
Touch Weekly မဂ္ဂဇင်းရဲ့  မေးမြန်းချက်ကို “ သူမ ကိုယ်ဝန်ရှိနေပါပြီ။ လွန်ခဲ့တဲ့ သုံးပတ်လောက်က သူ့ ကို  တွေ့ လိုက်သေးတယ်လေ။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော်တို့ တွဲခဲ့ပေမယ့် အခုထိ ကျွန်တော်တို့ နှစ်ယောက် နီးစပ်မှုရှိနေတုန်းပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အသက် ၂၇ နှစ်အရွယ် Rum Diary ရုပ်ရှင်ကားရဲ့ မင်းသမီး Amber ကတော့ ဒီသတင်းတွေကို ငြင်းဆန်ထားပါတယ်။
Pirates of the Caribbean မင်းသား အသက် ၅၀ နှစ်အရွယ် Depp မှာ ပထမအိမ်ထောင် Vanessa Paradis နဲ့  ရထားတဲ့ အသက် ၁၄ နှစ်အရွယ် သမီးလေး Lily-Rose နဲ့ အသက် ၁၁ နှစ်အရွယ်သားလေး Jack တို့  နှစ်ယောက် ရှိပါတယ်။
Entertainment Tonight တယ်လီဗေးရှင်းအစီအစဉ်မှာ Johnny Depp က
“ ကျုပ် ကလေးချစ်တတ်ပါတယ်။ အရမ်းချစ်ဖို့ ကောင်းတဲ့ ကလေးနှစ်ယောက်လည်း ရှိတယ်လေ။ ကိုယ့်လူ ကျုပ်က  ကလေး အယောက် ၁၀၀ လောက် လိုချင်တာ” လို့ ဖြေကြားခဲ့ပါတယ်။
Johnny Depp ဟာ သူ့ ရဲ့အခုစေ့စပ်လက်စွပ်ကိုလည်း အရမ်းကြိုက်နှစ်သက်နေကြောင်း ပြောကြားခဲ့ပါသေးတယ်။ Amber နဲ့ လက်ထပ်ဖို့ တော့ အစီအစဉ်မရှိသေးဘူးလို့ သူက ဆိုပါတယ်။
Ref: Mirror.co.uk
Trend Myanmar

No comments:

Post a Comment