မြန်မာပြည်မှာ မဟုတ်ပါဘူး။ ဆွီဒင်နဲ့ အခြား ဥရောပ နိုင်ငံ အချို့မှာ စမ်းသပ်လို့ အောင်မြင်နေပြီး တစ်နှစ်အတွင်း အကောင်အထည် ဖော် သုံးသွား ကြတော့မယ့် နည်းပညာ ဖြစ်ပါတယ်။ ယခုလည်း အသုံးပြုနေ ပါတယ်။
ကားမောင်းနေသူတွေ အားလုံး Volvo Communication Network ထဲကို မိမိကားရဲ့ GPS နဲ့ Log in ဝင်ထားရင် ဘယ်နေရာရောက်ရောက် ဘယ် နှစ် ကီလိုမီတာ အဝေးမှာ ဘယ်လိုကား ရှ...ိတယ်။ ဘယ်လမ်းက အန္တရာယ် များတယ်။ ဘယ်လမ်းက သွားလို့ မသင့်တော်ဘူး အစရှိသဖြင့် တို့ကို ညွန်ကြား ပြသ ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကားမောင်းသူများကို မြေပုံ လမ်းပြ ပေးရုံသာမက အတူ လိုက်လံ မောင်းနှင်ပေးနေမယ့် အကူ တစ်ယောက်လို ရရှိစေမှာ ဖြစ်ပါတယ်။
ဆွီဒင်မှာ ယခုဆိုရင် Volvo အမှတ်တံဆိပ်ကား ၁၀ စီးမှာ ၅ စီးက အသုံးပြုနေပြီ ဖြစ်ပြီး နောက်ဆိုရင် ကားတိုင်း အသုံးပြုနိုင်အောင် စီမံ ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ အခြား ဥရောပ နိုင်ငံများမှာလည်း အသုံးပြုမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

No comments:
Post a Comment