Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 16, 2014

SMIDB ဘဏ်က အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများ ပြန်လည် ထုတ်ချေးပေးမည်

Written by  ထင်လင်းအောင်

အသေးစားနှင့် အလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SMIDB Bank)အနေဖြင့် ရပ်ဆိုင်းထားခဲ့ သည့် ၈ ဒဿမ ၅ ရာခိုင်နှုန်း ဘဏ်တိုးဖြင့် ချေးငွေပေးခြင်းကို ကန်ဒေါ်လာသန်း ၂၀ နှင့် ကျပ်ငွေ ၂၀ ဘီလီယံသုံးစွဲ၍ ယခု ၂၀၁၄ မတ်လကုန်ပိုင်းမှ စတင်ကာ ပြန်လည်ဆောင်ရွက်တော့မည်ဟု အဆိုပါ ဘဏ်ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက မတ်လ ၁၃ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားလိုက်သည်။
SMIDB Bank သည် အစိုးရချေးငွေ ကျပ်ငွေ ၂၀ ဘီလီယံကို နိုင်ငံတော်သမ္မတထံမှ ခွင့်ပြုချက်ရရှိလိုက် ပြီးဖြစ်သည့်အပြင် စင်ကာပူနိုင်ငံ၏ ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုထံမှ ကန်ဒေါ်လာ သန်း၂၀ ချေးငွေရယူ ခြင်းကို ယခုမတ်လကုန်ပိုင်းတွင် ရရှိတော့မည်ဖြစ်ခြင်းကြောင့် ၈ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် ချေးငွေ ပေးခြင်းကို ပြန်လည်ဆောင်ရွက်မည်ဖြစ်သည်ဟု ပြောသည်။
ဒေါက်တာသန်းထွန်းက “ SMEs တွေအတွက် ပထမတစ်ကျော့မှာ ကျပ် ၁၀ ဘီလီယံချေးပေးပြီး နောက် ပိုင်း ၈ ဒသမ ၅ ရာခိုင်နှုန်းအတိုးနဲ့ချေးငွေပေးတာကို ရပ်ထားခဲ့တာပါ။ အခုချေးငွေတွေ ပြန်ရပြီဆိုတော့ ရှေ့အပတ် (မတ်လ ၂၀ ရက်နောက်ပိုင်း)ကစပြီး ပြန်ပေးတော့မှာပါ။ ချေးငွေတင်တဲ့ ဖောင်တွေကိုလဲ ပြန်ပြီး လက်ခံပေးတော့မှာပါ”ဟု ပြောသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသည် SMEs ချေးငွေမဟုတ်သော သာမန် ဘဏ်ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှာ မြင့်မားနေလျက်ရှိရာ SMEs ချေးငွေအတိုးနှုန်းများကို ရယူလိုကြလျက်ရှိသည်ဟု လုပ် ငန်းရှင်များက ပြောသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးနေလင်းဇင်က “စီးပွားရေးလုပ်ငန်းတွေအနေနဲ့က SMEs အတိုးနှုန်းဖြစ်တဲ့ ၈ဒသမ ၅ ရာခိုင်နှုန်းကို ရနိုင်ရင် မဆိုးဘူးပေါ့။ အခုလက်ရှိ ဘဏ်တိုးက လုပ်ငန်းလုပ် ရတာ မလွယ်ဘူးလေ။ ဒါပေမဲ့ အဲဒီအတိုးနဲ့ ချေးငွေဆိုတာရော လွယ်လွယ်နဲ့ ရမလားဆိုတာကတော့ ပြောစရာရှိတာပေါ့”ဟု မဇ္ဈိမကို ပြောဖူးသည်။
လက်ရှိအချိန်တွင် SMIDB Bank တွင် အသေးစားနှင့်အလတ်စားလုပ်ငန်း ချေးငွေလျှောက်လွှာအစောင် ရေ ၇၀ ကျော်နှင့် သာမန်စီးပွားရေးလုပ်ငန်းချေးငွေ လျှောက်လွှာအစောင်ရေ ၆၀ ကျော်ရှိနေခြင်း ဖြစ် သည်ဟု ပြောသည်။
SMIDB Bank သည် စင်ကာပူနိုင်ငံ ပုဂ္ဂလိကအဖွဲ့အစည်းထံမှ ချေးငွေ ဒေါ်လာသန်း၂၀ ကို အတိုးလေး ရာခိုင်နှုန်းနှင့် အစိုးရချေးငွေကျပ် ၂၀ ဘီလီယံကိုမူ အတိုး ၈ ဒသမ ၂၅ ရာခိုင်နှုန်းရယူကာ ပြည်တွင်းစီး ပွားရေးလုပ်ငန်းများထံ ပြန်လည်ချေးပေးခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ဆက်လက် ပြောသည်။
ဒေါက်တာသန်းထွန်းက “ဒီတစ်ခါ အစိုးရချေးငွေက ပေါင်နှံပစ္စည်းမပေးရတော့တဲ့အတွက် အများကြီး ကောင်းသွားတယ်။ အဲဒါကို မြန်မာ့စီးပွားရေးဘဏ်က ထုတ်ယူရမှာပါ။ စင်ကာပူချေးငွေကတော့ အခု မတ်လကုန်လောက်မှ ရမှာပါ”ဟု ပြောသည်။
လက်ရှိအချိန်တွင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပထမတစ်ကျော့ ဘဏ်ချေးငွေ စတင်ခဲ့စဉ်က ကျပ်ငွေ ၁၀ ဘီလီယံအတွက် လုပ်ငန်းရှင် ၆၂ ဦးသာ ရရှိခဲ့ခြင်း ဖြစ်သည်။
Mizzima

No comments:

Post a Comment