Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 24, 2014

ရေမွှေးသစ်ထုတ်တော့မယ့် Pharrell Williams




Pharrell Williamsဟာ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ဆရာတစ်ဆူပါပဲ။ “Get Lucky” ကအစ “Blurred Lines” ထိ အပေါက်ဆုံး သီချင်းတွေရဲ့ နောက်မှာ သူရှိရှိနေတတ်ပါတယ်။ ဖက်ရှင်ပိုင်းမှာဆိုရင်လည်း Louis Vuitton, Moncler နဲ့ G-Star Raw တို့နဲ့ သူတွဲလုပ်တယ်။ ခုလည်း သူဟာ ရေမွှေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေပါပြီ။
Pharrell Williams ဟာ သူ့ရဲ့ အယ်လ်ဘမ်သစ် “Girl” ဆိုတဲ့ အမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီးသုံး ရေမွှေးတစ်ခု ထုတ်ဖို့ အတွက် Comme des Gracons နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ Comme des Gracons ဟာ “ထိပ်တို့ရဲ့ထိပ်၊ အကောင်းဆုံးတို့ရဲ့ အကောင်းဆုံး” ဖြစ်လိမ့်မယ်လို့ ယူဆကြောင်း Pharrell Williams က Women’s Wear Daily ကိုပြောခဲ့ပါတယ်။ Comme des Garcons နဲ့ လက်တွဲလုပ်ဆောင်ရတာကို ဂုဏ်ယူကြောင်းကိုလည်း Pharrell ကပြောခဲ့ပါတယ်။
စက်တင်ဘာလကစပြီး ဒီရေမွှေးသစ်ကို စတိုးဆိုင်တွေမှာ ရနိုင်မယ်လို့ သိရပါတယ်။
Ref:luckymag.com
Trend Myanmar

No comments:

Post a Comment