Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 11, 2014

Myanmar Express တွင်ဖော်ပြထားသောသတင်းမှာ Yangon Media Group ၏ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသည့်ဖော်ပြချက်သာဖြစ်ကြောင်း။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ သားအကြီးဆုံးဖြစ်သူ Alexander Aris Myint San Aung သည် အစ္စလာမ်ဘာသာသို့ကူးပြောင်းသွားသည်ဆိုသည့် သတင်းကို Myanmar Express website ကဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့အပြင်အဆိုပါသတင်းဝက်ဘ်ဆိုက်သည် သတင်းထွက်ပေါ်လာသည့်အရင်အမြစ်အားပြန်လည်ဖော်ပြရာတွင် Yangon Media Group ဟုရည်ညွှန်း ထားသည်ကိုတွေ့ရှိရသည်။ ယင်းသတင်းနှင့်ပတ်သက်ပြီး မိမိတို့ မီဒီယာဂရု(ပ်)အနေဖြင့် ဖော်ပြခဲ့ခြင်းမရှိပါ။ ထို့အပြင် ဂုဏ်သိက္ခာရှိသည့်မီဒီယာတစ်ခုအနေဖြင့် လူမျိုးရေးပဋိပက္ခသတင်းများကို အသားပေးဖော်ပြကာ လူထုအားလှုံဆော်ခဲ့ခြင်းလည်းမရှိပါ။ ယခုလည်းမရှိသလို နောင်လည်းရှိမည်မဟုတ်ပါ။ ယခု Myanmar Express website က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ သားအကြီးဆုံးဖြစ်သူ Alexander Aris Myint San Aung သည် အစ္စလာမ်ဘာသာသို့ကူးပြောင်းသွားသည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး Yangon Media Group မှတင်ပြထားသည့်ဟန် ဖြစ်အောင်ဖန်တီးထားပါသည်။ ယင်းသို့ဖော်ပြမှုမှာ Yangon Media Group ၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့်သဘောသက်ရောက်နေပါသဖြင့် အဆိုပါသတင်းရေး သားတင်ပြမှုမှာမိမိတို့နှင့်မည်သို့မျှ မသက်ဆိုင်ပါကြောင်သိစေအပ်ပါသည်။ ထို့အပြင် Yangon Media Group မှတင်ပြထားသောသတင်းများကို အခြား သတင်းဝက်ဘ်ဆိုက်များက ပြန်လည်တင်ပြရာတွင် လည်း Credit ကိုသေချာစိစစ်စွာဖော်ပြရန်သတိပေးအပ်ပါသည်။

Credit To : Yangon Media

No comments:

Post a Comment