CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပန်းသီး၏ ခြေလှမ်းသစ် iPhone Air
ကမ္ဘာ့နာမည်ကြီးမိုဘိုင်းလုပ်ငန်းစု ပန်းသီး (Apple) သည် ၎င်း၏နည်း ပညာများကို အခြားသူများထက် ပိုမိုကောင်းမွန်ရန် အမြဲကြိုးစားအားထုတ် လျက်ရှိသည်။ လက်ရှိကာလ မိုဘိုင်းဈေးကွက်ငြိမ်သက်နေချိန်၌ အဆိုပါ မိုဘိုင်း လုပ်ငန်းစုမှ ၎င်း၏ နည်းပညာသစ် iPhoneAir အား နည်းပညာစာမျက်နှာများ တွင် ရုပ်သံမှတ်တမ်းများဖြင့် မိတ်ဆက်ပေးလိုက်သည်။ အဆိုပါ iPhone Air ကို ပန်းသီး (Apple)... မှ မိုဘိုင်းဒီဇိုင်နာ Sam Beckett မှ ဒီဇိုင်းဖန်တီးပေး ထားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ iPhone Ai ၏ ထူးခြားချက်မှာ ၎င်း၏ထိတွေ့မျက်နှာပြင်ဖန်သားကို နီလာသွေးသလင်းကျောက်တစ်မျိုးအား ကုန်ကြမ်းအဖြစ် အသုံးပြုသွား မည်ဟု ပန်းသီး၏ စာမျက်နှာများတွင် တွေ့ရှိရသည်။ အဆိုပါကုန်ကြမ်းအား အသုံးပြုခြင်းဖြင့် ထိတွေ့မျက်နှာ ပြင်အရည် အသွေးနှင့် ရုပ်ထွက်ပိုင်းဆိုင်ရာအရည်အသွေး အထူးကောင်းမွန်လာနိုင်သည်ဟု သိရသည်။
မျက်နှာပြင်အကျယ် ၄ ဒသမ ၇ လက်မရှိပြီး ယခင်ထုတ်လုပ်ပြီးဖြစ်သော ပန်းသီးဖုန်းများထက် ပိုမိုပါးလွှာနိုင် ဖွယ်ရှိသည်ဟု သိရသည်။ ကင်မရာ အရည်အသွေး 10 MP ရှိနိုင်ပြီး ယခင်ထုတ်လုပ် ရောင်းချပြီးသော ပန်းသီးဖုန်း များထက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း နည်းပညာစာမျက်နှာများတွင် တွေ့ရသည်။ အဆိုပါ iPhone Air ကိုလာမည့် စက်တင်ဘာလတွင် မြင်တွေ့ ခွင့်ရနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။ ၎င်း iPhone Air ကို iPhone 6 အဖြစ်လည်း ထွက်ရှိလာဖွယ်ရှိပြီး Hybrid နည်းပညာလည်း ပါဝင်မည်ဟု သိရသည်။
ပန်းသီး၏ ခြေလှမ်းသစ် iPhone Air
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
March 15, 2014
Rating:
5
No comments:
Post a Comment