ဟိုတယ်မရှိသည့် ဒေသများတွင် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံများ
အတူနေထိုင်ခြင်း (Home Stay) ကို ခွင့်ပြုသွားရန်မရှိကြောင်း ဟိုတယ် နှင့်
ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ ”ခုလတ်တလောမှာတော့ ခွင့်ပြုပေးဖို့
မရှိသေးဘူး။ နောင်လာမယ့် အခြေအနေမှာတော့ ဒါတွေက ပြောနေကြတာ တွေတော့ရှိတယ်”
ဟု ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းလုံလောက်မှု မရှိသော်လည်း နိုင်ငံခြားခရီးသွားများနှင့် အတူတကွ နေထိုင်ခွင့်ပြုရန် ကိစ္စမှာယဉ်ကျေးမှု အလေ့အထမတူညီခြင်း၊ ဧည့်သည်၏ စရိုက်နှင့် ဒေသခံ၏ စရိုက်များ ကွဲပြားခြင်းစသည့် အကြောင်းအချက်များကြောင့် နေထိုင်ခွင့်ပြုရန် ကိစ္စမှာမဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
”လောလောဆယ် Home Stay နေခွင့်ပြုရေးတွေ ပြောနေကြပေမယ့် အမိန့်တစ်စုံတစ်ရာ၊ ညွှန်ကြားချက်တစ်စုံတစ်ရာကို ဝန်ကြီးဌာနက ထုတ်ပြန် ထားတာမရှိဘူး” ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။ Home Stay နှင့်ပတ်သက်၍အိမ် နီးချင်းနိုင်ငံများတွင် ဒေသခံ၏ အိမ်များတွင်မ တည်းခိုစေဘဲ သီးသန့်အိမ်ဆောက်ကာ တည်း ခိုစေခြင်းများ ရှိနေသည်။
လက်ရှိတွင် Home Stay ကို ဝန်ကြီးဌာနမှ ခွင့်ပြုထားခြင်း မရှိသော်လည်း ရှမ်းပြည်နယ် ကလောမြို့တွင် တောတွင်းလမ်းလျှောက်ခြင်းကို ကြိုက် နှစ်သက်သည့် ကမ္ဘာ လှည့်ခရီးသည်အချို့မှာ တောလမ်း တစ်လျှောက်ရှိ ဒေသခံများ၏ အိမ်များတွင် ဝင်ရောက်တည်းခိုခြင်း၊ ဒေသခံများအား လမ်းပြအဖြစ် ငှားရမ်းခြင်းများ ပြုလုပ် လျက်ရှိသည်။ ထို့ကြောင့်ဟိုတယ်အခန်း မလုံလောက်ခြင်းနှင့် ဟိုတယ်တည်ဆောက်ရန်အမှန် တကယ်လို အပ်သည့် နေရာများတွင် Home Stay ကို စနစ်တ ကျဖြင့် နေ ထိုင်ခွင့်ပြု သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်တချို့က ထောက်ပြထားသည်။
ခိုင်နွယ်ဦး
Popular Myanmar News Journal

No comments:
Post a Comment