၂၃ နှစ်အရွယ် ငွေကြယ်ပွင့်ဟာ အသက်ကိုးနှစ်အရွယ်ကစပြီး Harry Potter ဇာတ်လမ်းတွဲတွေမှာ Hermione Granger အဖြစ်သရုပ်ဆောင်ပြီးနာမည်ကြီးခဲ့တာဖြစ်ပေမယ့် တစ်ခါတရံမှာတော့ သူမဟာ အဲဒီ့ထက်အသက်ကြီးမှာ ဟောလိဝုဒ်မှာနာမည်ကြီးသူတစ်ယောက်ဖြစ်ချင်မိပါတယ်။
“ပြီးခဲ့တဲ့တစ်နှစ်နှစ်နှစ်အတွင်းမှာပေါ်ပေါက်လာတဲ့ သရုပ်ဆောင်(မ)တွေရှိပြီး ပြီးပြည့်စုံတဲ့လူသားတစ်ယောက်အဖြစ်ပေါ်ထွက်လာကြတာပါ။ ကျွန်မအရမ်းမနာလိုဖြစ်ရပါတယ်” လို့ဆိုပါတယ်။
ဒါပေမယ့် လက်ရှိမှာ Rhode Island, Providence မှာရှိတဲ့ Brown တက္ကသိုလ်မှာ အင်္ဂလိပ်စာဘာသာရပ်နဲ့ပညာသင်ယူနေတဲ့ Emma ဟာ Elizabeth Taylor တစ်ခါကပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကြောင်း သူမရဲ့အလုပ်နဲ့ပုဂ္ဂိုလ်ရေးဘ၀ကိုခွဲခြားနိုင်ဖို့ အကောင်းဆုံးကြိုးစားနေတယ်လို့ဆိုပါတယ်။
“ကျွန်မ Elizabeth Taylor ရေးထားတဲ့ဟာတစ်ခုကိုဖတ်ခဲ့တာမှတ်မိတယ်။ သူမရဲ့ပထမဆုံးအနမ်းကို ရုပ်ရှင်ရိုက်ကွင်းမှာ သရုပ်ဆောင်ရင်းစခဲ့တာ။ ဒါကျွန်မကိုတကယ်ပဲထိပါတယ်။ ကျွန်မဘာကြောင့်နဲ့ဘယ်လိုဖြစ်လဲဆိုတာတော့မသိပါဘူး။ ဒါပေမယ့် ကျွန်မသာသတိမထားခဲ့ရင် အဲဒီလို့ကျွန်မဖြစ်သွားနိုင်ခဲ့တယ်လို့ ကျွန်မခံစားရပါတယ်။ ကျွန်မရဲ့ပထမဆုံးအနမ်းဟာ အခြားတစ်ယောက်ရဲ့နေရာကဖြစ်ရင် ကျွန်မရဲ့အတွေ့အကြုံကအခြားတစ်ယောက်နဲ့သက်ဆိုင်နေမယ်ဆိုတာ ခံစားမိပါတယ်” လို့ April လထုတ် Elle မဂ္ဂဇင်းမှာပြောပါတယ်။
Ref:starpulse.com
Trend Myanmar
No comments:
Post a Comment