Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 3, 2014

“CRUSH” အယ်လ်ဘမ်မှာ ပါဝင်တဲ့ CL ရဲ့တစ်ကိုယ်တော်သီချင်း “Mental Breakdown” ကို ချီးမွှမ်းပြောဆိုလိုက်တဲ့ Popdust

ထက်ဆု on 2014-03-03 17:23နာမည်ကြီး ဂီတဆရာကြီး Jacques Peterson ဟာ 2NE1 CL ရဲ့ တစ်ကိုယ်တော် သီချင်း “Mental Breakdown” ကို အခုလို ဝေဖန်ပိုင်းခြားပြသွားပါတယ်။
          ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ (၂၆)ရက်တုန်းက U.S ရဲ့ Popdust မှာ CL ရဲ့တစ်ကိုယ်တော် သီချင်းအကြောင်း ချီးမွမ်းရေးသားထားတဲ့ သတင်းတစ်ပုဒ် တွေ့ရပါတယ်။
          Peterson ကတော့ “ သူတို့ရဲ့နောက်ဆုံး အယ်လ်ဘမ် ထွက်တဲ့အချိန်နဲ့ဆိုရင် လေးနှစ်တောင် ကြာခဲ့ပါပြီ။ ဒီထဲက CL ရဲ့ ကိုယ်တိုင်ရေးသီချင်း “Metal Breakdown” ကို အတော်လေးနှစ်ခြိုက်နေခဲ့ပါတယ်။ သီချင်းတစ်ပုဒ်လုံးမှာ သူမရဲ့ rap skill ကို ပီပီပြင်ပြင် ပြသသွားနိုင်ခဲ့ပြီး စွမ်းအင်အပြည့်နဲ့ ဖြည့်တင်း ထားကြောင်းလည်း ပြသသွားနိုင်ခဲ့ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
          ဆက်လက်ပြီး သူက “CL အနေနဲ့ သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်အတွက် ကမ္ဘာ့နံမည်ကြီး အေဂျင်စီတစ်ခုခုနဲ့ စာချုပ်တစ်ခုလောက် ရှိသင့်ပါတယ်။ အဲဒီမတိုင်ခင်တော့ သူမရဲ့ သီချင်းတွေကို iTunes ကနေပဲ နားထောင်နေရပါလိမ့်ဦးမယ်” လို့ ထပ်လောင်း ပြောကြားသွားပါတယ်။
          ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ထွက်ရှိခဲ့တဲ့ သူမတို့အဖွဲ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်က ဂီတဇယား ဆယ်ခုမှာ နံပါတ်(၁)နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ နိုင်ငံ (၇)ခုရဲ့ iTunes ဇယားမှာလည်း နံပါတ်တစ် အဖြစ် ရပ်တည်ခဲ့ပြီးတော့ သူမတို့ရဲ့ အထင်ကရရှိမှုကို ဖော်ပြသွားနိုင်ခဲ့ပါတယ်။
          “ALL OR NOTHING” လို့အမည်ပေးထားတဲ့ သူမတို့ရဲ့ ကမ္ဘာ့အနှံ့ လှည့်လည် ဖျော်ဖြေပွဲကြီးကိုလည်း မတ်လ (၁-၂) လောက်မှာ စတင်မယ်လို့ သိရပါတယ်။
Ref:kpopstarz.com
Trend Myanmar

No comments:

Post a Comment