Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 12, 2014

ကျွန်ုပ်နှင့် CP

ဒီကနေ့ တော့ မြန်မာပြည်က အွန်လိုင်းစာမျက်နှာတွေမှာ သတင်းတွေဝေမျှနေကြတဲ့ Page တွေ၊ Website တွေ နဲ့ ပတ်သက်ပြီး ရေးချင်တာလေးကိုချရေးပြီးတင်လိုက်ပါတယ်။
နာမည်ကြီး သတင်းဌာနတွေအကြောင်းပြောချင်တာမဟုတ်ပဲ  နဲ့  CP pageတွေအကြောင်းပြောချင်တာပါ။

 ဒီစာကိုရေးသားသူကိုယ်တိုင်လည်း  CP တစ်ယောက်ပါပဲ။CP ဆိုတာ Copy,Pastပေါ့။ ကူးလို့ ရသမျှအကုန်ကူးမယ့် CP ဘလော့ကာ ကြီးတစ်ယောက်ပေါ့။(အမှန်တော့ ဒီလို  CP လုပ်တဲ့သူကိုဘလော့ဂါစာရင်းထဲတောင်ထည့်သွင်းမထားဘူးထင်ပါတယ်)

the melting pot 4U (ဟင်းလေးအိုးကြီး) ဘလော့ကိုစလုပ်တော့ တွေ့ သမျှ Page တွေ ၀က်ဆိုက်တွေ ကကိုယ်စိတ်ဝင်စားတဲ့သတင်းလေးတွေ၊ဆေးပညာဗဟုသုတ၊အလှအပ။အင်္ဂလိပ်စာ စတာတွေကို ဟင်းလေးအိုးကြီး လို့ အမည်တပ်ထားတဲ့အတိုင်း ရောမွှေသမလို့ CP လုပ်ဖော်ပြခဲ့ပါတယ်။
ကိုယ်တိုင်ရေးသား ထားတာတွေမဟုတ်တဲ့အတွက် မူရင်းကူးယူတဲ့နေရာ ကို တလေးတစား ခရက် ဒစ်ပေးပြီးဖော်ပြ ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာအင်တာနက်က ကူးယူဖော်ပြတာနဲ့ ပတ်သက်ပြီး Copy right ဆိုတာမရှိသေးပေမယ့်  ဒီလိုခရက်ဒစ်ပေးတယ်ဆိုတာကတော့  ဥပဒေနဲ့ သတ်မှတ်စရာမလိုပဲ ပင်ကိုယ် အသိအရ အသိအမှတ်ပြုရမယ်ဆိုတာကို သိနေပါတယ်။

နောက်ပိုင်းCP လုပ်ရတာ ကိုယ်တိုင်က သိပ်စိတ်မပါသလို၊လိပ်ပြာမလုံသလိုဖြစ်လာ တာကြောင့် တကြောင်း၊နေရာတကာကြည့်ရင်သတင်းတွေကထပ်နေလို့ ငြီးငွေ့ လာတာကတကြောင်း စိတ်ဝင်စား စရာသတင်းလေးတွေတွေ့  ရင်  ကိုယ်တိုင်ကြိုး စားဘာသာပြန်ကြည့်ပါတယ်။

ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှုမရှိလို့ တချို့ သတင်းတွေဆို တနာရီမက ကြာပါတယ်။ သတင်းတစ်ပုဒ်လုံး ခြုံငုံသိနေပေမယ့်စကားလုံးလေးတစ်လုံးကို နားမလည်တာကြောင့် အဲဒီစကားလုံးကို  ၀ီကီပီဒီယ မှာ သွားရှာနေရတာမျိုးနဲ့ တင်အချိန်တော်တော်ပေး လိုက်ရတာမျိုးတွေရှိတတ်ပါတယ်။

ဥပမာ- ရင်သားခွဲစိတ်ပြုပြင်လို့ ဒုက္ခရောက်ရတဲ့အမျိုးသမီးတစ်ယောက်အကြောင်းဘာသာပြန်တော့ string implants ဆိုတဲ့စကားလုံးမျိုး။ရင်သားခွဲစိတ်ပြုပြင်တာတော့သိပါရဲ့ ။အဲဒီ string implants ဆိုတဲ့စကား လုံးကိုသိအောင်သွားရှာဖတ်နေရတာ။ ဆီလျော်အောင်ဘယ်လိုအမည်တပ်ရမလဲစဉ်းစားရတာ။လက်ထဲမှာရှိတဲ့ လက်တစ်ဝါးလောက် သာလွန် အဘိဓာန်စာအုပ်လေးအားကိုးနဲ့ ဆိုတော့  တော်တော်ကိုခက်ခဲတာပါပဲ။

ဒါပေမယ့် ၀ါသနာပါလို့ ထင်ပါရဲ့ ။ ကြိုးကြိုးစားစားလေးလုပ်ဖြစ်ပါတယ်။
အင်္ဂလိပ်သတင်းဆိုက်တွေလိုက်ကြည့်တယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းအရာလေးတွေတွေ့ ရင် ဘာသာပြန်တယ်။ the melting pot 4U မှာပြန်ဖော်ပြတဲ့အခါ ဓာတ်ပုံတွေ။ နောက်ဗီဒီိယိုဖိုင်ရှိရင်လည်း ဗီဒီယိုဖိုင်တွဲတင်ပေးတယ်။ ကိုယ်ဘာသာပြန်ဆိုချက်ကိုသိပ်စိတ်မချတာရယ်။အကယ်၍ ဒီသတင်း ကို ပိုပြီးစိတ်ဝင်စားတဲ့သူရှိရင် မူရင်းအင်္ဂလိပ်လင့်ကိုသွားရောက်ဖတ်ရှုနိုင်အောင် မူလ Source ကိုဖော်ပြပေး ခဲ့ပါတယ်။

ဘာသာပြန်တာကောင်း၊သတင်းတွေကလည်းစိတ်ဝင်စားစရာကောင်းလို့ ထင်ပါရဲ့ ။ (ကိုယ့်ငါးချဉ်ကိုယ်ချဉ်သည်    :)  )
CP pageတွေ၊ CP ၀က်ဆိုက်တွေက ကိုယ့်သတင်းလေးကို ကူးပြီးဖော်ပြကြပါတယ်။ ကိုယ့်လုပ်ထားတာလေး လူကြိုက်တယ်ဆိုတော့ ပျော်သပေါ့လေ။
ဒါပေမယ့် အဲဒီမှာ ပြဿနာက စတော့တာပါပဲ။အရင်ကအမှုမဲ့အမှတ်မဲ့သတိမထားမိ တဲ့  CP page တွေ၊ CP ၀က်ဆိုက်တွေကို ဖြန့် ဖြူးနေတဲ့ ပုဂ္ဂိုလ်တွေ ရဲ့ စိတ်နေစိတ်ထားတွေကို ဘွားဘွားကြီး သိမြင်လိုက်ရ တာပါပဲ။

သတင်းတစ်ပုဒ်ကူးသွားတယ်ဆိုရင်
၁။တစ်ယောက်က   သူဘယ်နေရာကကူးလာပါတယ်ဆိုပြီးခရက်ဒစ်ပေးတယ်။
၂။နောက်တစ်ယောက်ကတော့  မူရင်းကူးလာတဲ့နေရာကိုမဖော်ပြပဲ သူ့ ကိုယ်ပိုင်လိုလိုလုပ်ပစ်တယ်။
၃။နောက်တစ်ယောက်က နာမည်ကြီးဆိုက်တွေကကူးရင် ခရက်ဒစ်ပေးပေမယ့် ကိုယ့်လိုလူသိပ်မသိတဲ့ ဆိုက်ကသတင်းမျိုးဆို သူ့ ကိုယ်ပိုင်လိုလိုလုပ်ပစ်တယ်။
၎။နောက်တစ်ယောက်ကတော့ မူရင်းကူးလာတဲ့နေရာလည်းခရက်ဒစ်မပေးဘူး။ သူ့  စိတ်ကြိုက်ဖြုတ် ချင်တာဖြုတ်၊ဖြတ်ချင်တာဖြတ်လည်းလုပ်မယ်။

(အဲဒီလိုခိုးကူးပြီး သူ့ ကိုယ်ပိုင်လို့ လုပ်ပစ်တဲ့နေရာမှာ မြ၀တီ ကအဆိုးဆုံးဆိုတာသွားတွေ့ တယ်။ စိတ်မကောင်းစရာအချက်က အကုန်လုံးနီးပါးက ပိန်မသာလိန်မသာတွေပါပဲ။ မူရင်းဘာသာပြန် သူကိုတလေးတစားခရက်ဒစ်ပေးတဲ့ CP ဆိုလို့ နှစ်ဦးလောက်ပဲတွေ့ မိပါတယ်။
ဖိုးသူတော်ဆိုတဲ့ CP ဆိုဓာတ်ပုံတွေပေါ် ဖိုးသူတော်ပုံလေးတောင်တံဆိပ်နှိပ်လိုက်သေး။ သူကိုယ်တိုင်ပဲသွားရိုက်ထားတဲ့ ဓာတ်ပုံလိုလိုဘာလိုလို။ ဘလော့ကာတစ်ယောက်သူများပုံကူး လို့ ပိုင်ရှင်ကတရားစွဲလျော်ကြေးတောင်းတာ မလျော်နိုင်လို့ ဒုက္ခရောက်ရတဲ့အကြောင်း သူမကြား ဖူးဘူးထင်ပါရဲ့ ။
Myanmar CNN ဆိုတဲ့ ဘလော့ဆိုရင် ကိုယ့်ကိုတောင် ဘလော့သွားသေး။ကိုယ့် သတင်းလည်းကူးသေး။ ကိုယ့်ကိုယ်လည်းဘလော့သွားသေး။ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်သလဲဆိုတာ)

အဲဒီမှာ ကိုယ်ဘာသာပြန်ထားလေးဖော်ပြထား၊ကိုယ့်နာမည်ကိုတော့ခရက်ဒစ်မပေးတော့
တင်းသပေါ့။ ငါ့ဖြင့် ပင်ပင်ပန်းပန်းလုပ်ထားရ။ ဒင်းကလက်တင်လေးCPလုပ်ပြီး ခရက်ဒစ်တော့မပေး ဘူးဆိုပြီး သွားရန်တွေ့ ။ မောသဗျို့ ။
ခုမောမောနဲ့ ဒီစာကိုချရေးနေတာဖြစ်ပါတယ်။

CP အက်မင်တွေနဲ့ ရန်ဖြစ်တဲ့အတွေ့ အကြုံလည်းပြောပြချင်ပါသေးတယ်။
ငါ့တော့ခရက်ဒစ်ပေးပါလို့ သွားပြောရင် ကိုယ့်ကိုယ် အဖက်တောင်လုပ်စကားမပြန်တဲ့သူ၊
နောက် စာပြန်ပေမယ့် အချိုးမပြေတဲ့သူနဲ့ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ကြားသူ ဆိုပြီး အမျိုးမျိုးတွေ့ ရပါတယ်။
(အမှန်တော့ ကောင်းကောင်းမွန်မွန်ပြန်ကြားတာတစ်ဦးပဲရှိပါတယ်။Myanmar Online News ပါ။)

သတင်းဖတ်ရှုသူမဟုတ်ပဲ၊ဖြန့် ဝေသူနေရာကိုရောက်လာတဲ့မောင်မင်းကြီးသား  CPတို့ ရဲ့  စိတ်ထဲမှာ ဝေမျှ လိုတဲ့ စိတ်ကောင်း စေတနာများရှိဖို့ လိုအပ်ပါတယ်။အသင်တို့  နေ့ စဉ်သွားရောက်ကူးယူနေတဲ့ ဆိုက်တွေ Pageတွေကသတင်းတွေဟာဘိုးဘွားပိုင်ပစ္စည်းမဟုတ်ဘူးဆိုတာနားလည်ပြီးသကာလ လိုအပ်တဲ့ အသိအမှတ်ပြုခရက်ဒစ်ပေးမှု၊မူရင်းလင့်ကို ညွှန်းဆိုပေးမှုဖြင့်အတုံ့ အပြန် ပေးဆပ်မှုလိုအပ်ကြောင်းပြော ရင်း အဆုံးသတ်ပါတယ်။
CP အပေါင်း၊CP ပရိသတ်အပေါင်း  ကျက်သရေမင်္ဂလာအပေါင်းခညောင်းကြစေသော်ဝ်
the melting pot 4 U

အောက်မှာ searh myanmar က အက်မင်ကိုသွားရန်တွေ့ တာလေး အပျင်းပြေဖတ်သွားကြ ဖို့ တင်ပေးလိုက်ပါတယ်။အောင်မယ်။သူက ဘိုလို စာပြန်ထားတာများညွှန့် လို့ ။
စိတ်ဓာတ်ကတော့ ချီးပေတယ်။

No comments:

Post a Comment