Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 6, 2014

CID ပြောင်းလဲတာဝန်ယူသည့် ကောင်းမြတ်ဟိန်းအမှု စတင်စစ်ဆေး


မော်ဒယ်သရုပ်ဆောင် ကောင်းမြတ်ဟိန်း သေဆုံးမှုနှင့်ပတ်သက်၍ CID မှ တာဝန်ယူ၍ တရားရုံးသို့တင်ခဲ့ရာ မတ်လ(၄)ရက်နေ့ အင်းစိန်မြို့နယ် တရားရုံးရှိ တွဲဖက်တရားသူကြီး(၂) ဦးမောင်လွင်ရုံးခန်း၌ သက်သေ သုံးဦးကို စစ်ဆေးရန် ခေါ်ဆောင်ခဲ့ရာ သက်သေတစ်ဦးသာ အစစ်ဆေးခံ၍ ကျန်နှစ်ဦးမှာ ရုံးချိန်းပျက်ကွက်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ သက်သေသုံးဦးမှာ အင်းစိန်မြို့နယ် ရဲစခန်းမှ ဒု ရဲအုပ် ကျော်ကျော်ထွန်း၊ အင်းစိန်ရွာမအရှေ့ရပ်ကွက် ဥက္ကဌ ဦးအောင်မိုးနှင့် အင်းစိန်ရွာမအရှေ့ရပ်ကွက်မှ ရာအိမ်မှူး ဦးမြင့်သန်းတို့ သုံးဦးတွင် ဦးမြင့်သန်းတစ်ဦးသာ တရားရုံး၌ အစစ်ဆေး ခံယူခဲ့ခြင်းဖြစ်သည်။
 “ကျွန်တော့်ကို ဇန်န၀ါရီ ၂၂ ရက် ညတစ်နာရီလောက် အင်းစိန်ရဲစခန်းက ရွှေတောင်ကုန်း ဟိုတယ်မှာ လူသေမှုတစ်ခု ဖြစ်တယ်။ သက်သေအဖြစ်လိုက်ခဲ့ပါခေါ်လို့ လိုက်သွားပါတယ်။ ဟိုတယ်ကိုရောက်တဲ့အခါ ရေကူးကန်ထဲမှာ လူတစ် ယောက်သေနေတာကို လက်နှိပ်ဓါတ်မီးနဲ့ ထိုးကြည့်တော့ တစောင်လေး ဖြစ်နေတာကို မြင်ရ တယ်။ အဲဒီအလောင်းကို အပေါ်ကို ဆယ်တင်ပြီးတော့မှ ကောင်းမြတ်ဟိန်းဆိုတာကို သူ့ သူငယ်ချင်းတွေက ပြောလို့ သိလိုက်ရတယ်။ ပြီးတော့ အလောင်းမှာ မသင်္ကာစရာတွေရှိမလားဆိုပြီး စစ်ဆေးတာ မတွေ့ရဘူး။ အပြင်မှာ ဘာဒဏ်ရာမှတော့ မတွေ့ရပါဘူးပြီးတော့ အင်းစိန်ဆေးရုံကို သယ်သွားပါတယ်။ဟု ရာအိမ်မှုး ဦးမြင့်သန်းမှ ၄င်း၏ တွေ့ရှိချက်များအပေါ် တရားသူကြီးရှေ့၌ ယခုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့စစ်ဆေးခဲ့ရာ၌ တရားသူကြီးမှ တိုက်ရိုက်မေးမြန်းပြီး လက်နှိပ်စက် စာရေးမှသက်သေ၏ ဖြေကြားချက်ကို မှတ်တမ်း တင်ခဲ့ကြောင်းနှင့် ရောက်မလာသည့်ကျန်သက်သေနှစ်ဦးကို မတ်လ (၁၇) ရက်နေ့သို့ ရုံးချိန်းရွေ့ဆိုင်း သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။

“ကျွန်တော်တို့ကတော့ သူတို့တွေရဲ့ အဖြေတွေကို စောင့်ကြည့်နေရုံပါပဲ ပြီးတော့ တရားရုံးက ဆုံးဖြတ်တဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ဘက်က တရားထပ်ဆွဲသင့်မသင့် စဉ်းစားဆုံးဖြတ်ရမှာပါ။ အခုက CID က တာဝန်ယူပြီး လုပ်ဆောင်နေတာ ဆို တော့ ကျွန်တော်တို့က စောင့်ကြည့်နေဆဲပါပဲ အခုအချိန်မှာတော့ တခြားဘာမှတော့ ပြောလို့ မရသေးပါဘူး။ ဟု ကောင်းမြတ်ဟိန်း၏ ဖခင် ဦးစိုးစိုးမြင့်က ပြောသည်။
ကောင်းမြတ်ဟိန်းမှာ မြို့တော်ဂေါက်ကွင်းဟိုတယ်ရေကူးကန်အတွင်း သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ သာမာန်သွေးရိုးသားရိုး မဟုတ်နိုင်ကြောင်း တစ်ဦးတစ်ယောက်၏ ပယောဂပါမည်ဖြစ်ကြောင်း သူ့မိသားစုများထံမှ သိရှိရသည်။
သူတို့တွေက သာမာန်သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားတယ်။ အကိုတို့ဘက်ကလည်း သာမာန်လို့ မထင်ဘူး။ မသင်္ကာစရာတွေ့ ထားတာတွေရှိတယ်။ အဲဒါကြောင့် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးချုပ် နေပြည်တော်ကို ဒီ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးရေးအဖွဲ့ ပြန်လည်ဖွဲ့ပေးဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး တင်ထားတာပါ။ဟု ကောင်းမြတ်ဟိန်း၏ အကို ကိုအောင်ကိုကိုက ပြောသည်။
ကောင်းမြတ်ဟိန်းသေဆုံးမှုနှင့် ပတ်သက်၍တရားရုံး၌ စတင်စစ်ဆေးနေပြီဖြစ်သော်လည်း ဘာမှထူးခြားမှု မရှိသေးကြောင်း သိရသည်။

No comments:

Post a Comment