Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

ရန်ကုန်တွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အန္တရာယ်ရှိ အဆင့်ရောက်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အိုဇုန်းလွှာ ပါးလာခြင်းကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင် ငံများသို့ ခရမ်းလွန် ရောင်ခြည် (UV Radiation) ကျရောက်မှု ပိုမို ပြင်း ထန်လျက် ရှိရာ ယခုနှစ်တွင် ရန် ကုန်မြို့ပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းမှာ လွန်ကဲအဆင့် (အန္တရာယ်ရှိ အဆင့်) အထိ မြင့်တက် ရောက် ရှိနေ ပြီ ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
မြန်မာ အလယ်ပိုင်း ဒေသများနှင့် အောက်ပိုင်း ဒေသတို့တွင် ၂၀၁၂ ခုနှစ်က အညွှန်းကိန်းမှာ ၈ မှ ၁၀ အထိသာ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ အပါအဝင် မြစ်ဝကျွန်းပေါ် တောင်ပိုင်း ဒေသများတွင် နံနက် ၁၁ နာရီမှ ၁ နာရီ အတွင်း၌ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း တန်ဖိုးများမှာ လွန်ကဲအဆင့် ၁၁ ထက် ကျော်လွန် ရောက်ရှိလာမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်းမှာ ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အပြင်းထန်ဆုံး အချိန်ဖြစ်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု ပမာဏ လိုအပ်သည်ထက် များလာပါက အရေပြား ကင်ဆာနှင့် မျက်စိ တိမ်စွဲခြင်း၊ ကွယ်ခြင်း စသည်တို့ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးချက် ထုတ်ပြန်ထားသည်။
ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၄ မှ ၇ အထိသည် ပြင်းအား အသင့်အတင့် ရှိပြီး ညွှန်းကိန်း (၈) ထက် ကျော်လွန်ပါက အရေပြားဆိုင်ရာ ရောဂါများ ဖြစ်ပေါ်နိုင်၍ နံနက် ၁၁ နာရီမှ ၁ နာရီအတွင်း နေပူထဲ သွားလာရန် မသင့်တော်ဘဲ ထီး၊ ဦးထုပ် စသည်တို့ကို အကာအကွယ် ယူပြီး သွားလာရန် လိုအပ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။
လာမည့် မိုးရာသီ ကာလ မတိုင်မီ အထိ ခရမ်းလွန် ရောင်ခြည် ကျရောက်မှုမှာ လွန်ကဲ အဆင့်ထိ ရောက်ရှိနေမည် ဖြစ်ပြီး ယင်းဖြစ်စဉ်ကို သတိပြု ကာကွယ်ရန် လိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
The Voice Weekly

No comments:

Post a Comment