သားသမီးတွေရဲ့  ဖုန်း၊ ကွန်ပြူ တာသုံးတဲ့အချိန် ကို သတ်မှတ်ကန့်  သတ် ဖို့ မိဘတွေ ကိုအမြဲ ပြောကြလေ့ ရှိပါတယ်။ ဒါပေမယ့်မိဘတွေရဲ့  အင်တာ နက်၊ ဖုန်းစတာတွေ ကိုသုံးစွဲ မှုဟာလည်း မိသားစု အပေါ် အကျိုး သက်ရောက်မှုရှိတယ်ဆိုတာကို သတိမပြုခဲ့ကြ ပါဘူး။
မိသားစု (၅၅) ခုစားသောက်ဆိုင်တွေမှာ စားသောက်နေစဉ် ဘော်စတွန်ဆေးဌာန ကလေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
အဲဒီမှာ မိသားစုနဲ့ စားသောက်နေစဉ် မိဘတွေရဲ့ အပြုအမူငါးမျိုးကိုတွေ့ ရှိခဲ့တယ်။
နံပါတ် ၁ အစားအသောက်စားတဲ့အချိန်ဖုန်းလုံးဝမသုံးတဲ့မိဘ၊
နံပါတ် ၂ စားပွဲခုံပေါ်ဖုန်းကိုတင်ထားတယ်။ဒါပေမယ့်မသုံး
နံပါတ် ၃ မကြာခဏဖုန်းကိုသုံး
နံပါတ် ၄ အစားစားပြီးချိန်လောက်မှ ဖုန်းကိုသုံး
နံပါတ် ၅ စားနေတုန်းတောက်လျှောက်လက်ကဖုန်းကိုမချတမ်းသုံးတဲ့မိဘဆိုပြီး အပြုအမူငါးမျိုးကိုတွေ့ ရှိခဲ့တယ်။
သုံးယောက်မှာတစ်ယောက်က အစားစားသောက်နေတုန်းမှာ ဖုန်းကိုတောက်လျှောက် နီးပါးသုံးတယ်။၇၃ရာနှုန်းလောက်က အစားစားနေတုန်းတကြိမ်တော့ဖုန်း ကိုသုံးဖြစ် တယ်။၁၅ရာနှုန်းလောက် အစားစားပြီးချိန်လောက်သုံးတယ်။အဲဒီအချိန်မှာ ကလေးတွေ က စားသောက်နေတုန်းပဲ။စားသောက်ဆိုင်ကထွက်တဲ့အထိပဲ ဖုန်းကိုဆက်ပြောသွားကြ တယ်။ ကလေးတွေကသူတို့ မိဘတွေဘာကြောင့်ဖုန်းကိုသုံးနေ ရသလဲဆိုတာ စိတ်ရှုပ် ရှုပ်ထွေးထွေးဖြစ်ရတယ်။
မိဘတွေဖုန်းပြောနေရင်ကလေးတွေကသူတို့ ကိုဂရုစိုက်လာအောင်လုပ်တယ်။
တချို့ ကလေးတွေကတော့ သူတို့ ကိုယ်သူတို့  ပျော်ရွှင်အောင်တစ်ခုခုလုပ်တယ်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment