Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 5, 2014

မြန်မာကာချုပ် ဗိုလ်ချုပ်မှူးကြီးရဲ့ ပထမဆုံး မီဒီယာနဲ့တွေ့ဆုံပွဲ ဘာပြောခဲ့လဲ

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ အလွတ်သဘော အစည်းအဝေးအပြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာသတင်းထောက်တွေကို ဘာတွေပြောခဲ့လဲ။
၁၁ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ အစည်းအဝေး သဘောတူညီချက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်ဖတ်ကြားသွားခဲ့တာဖြစ်ပြီး ဒေသတွင်း အခက်အခဲတွေ၊ လုံခြုံရေးခြိမ်းခြောက်မှုတွေဟာ တည်ငြိမ်အေးချမ်းမှုကို စိန်ခေါ်နေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်၊ ပင်လယ်ပြင်လုံခြုံရေး၊ နိုင်ငံဖြတ်ကျော် ရာဇာဝတ်မှု၊ ကူးစက်ရော ဂါ၊ လူသားလုံခြုံမှုနဲ့နဲ့ သမရိုးကျမဟုတ်တဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေမှာ အာဆီယံတပ်မတော်တွေ ပူးပေါင်းဖြေရှင်းမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ပိုင် မြဝတီနဲ့ အစိုးရပိုင် သတင်းစဉ်။ MRTV 4 ၃ခုပဲ မေးခွန်းမေးခွင့်ရပြီး ပုဂလိက မီဒီယာတစ်ခုမှ မေးမြန်းခွင့်လည်းမရခဲ့တဲ့ ဒီသတင်းစာရှင်းလင်းပွဲဟာ ခိုင်မာရေရာတဲ့အကြောင်းအရာ ရည်ညွှန်းချက်တွေကို ပြောဆိုတာမဟုတ်ဘဲ ယေဘုယျသဘောမျိုးသာ ပြောဆိုခဲ့ပါတယ်။
မီဒီယာရှေ့ ပထမဆုံးထွက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တောင် တရုတ်ပင်လယ်ပြင်အတွင်းက တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကြား တင်းမာမှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးဟာ တည်ငြိမ်ရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။
ကမာရွတ်မီဒီယာ

No comments:

Post a Comment