Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 24, 2014

ပုဂံကိုရှေးဟောင်းအမွေအနှစ်အဖြစ်တင်သွင်းရန် ယူနက်စကိုမှပြန်လည်ဖိတ်ခေါ်


Monday, March 24, 2014

မြန်မာ့ရှေးဟောင်းအမွေအနှစ် ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းသို့ ပြန်လည် တင်သွင်းရန် UNESCO က ဖိတ် ခေါ်မှုများရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

ပုဂံဒေသကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကမ္ဘာ့အမွေအနှစ်စာရင်း သို့ ပထမဦးဆုံးတင်သွင်းခဲ့သော် လည်း နိုင်ငံအခြေအနေအရကြောင့် လည်းကောင်း၊ ဗုဒ္ဓအယူအဆအရ ထီးတင်ခြင်းကဲ့သို့ အလှူဒါနများ ကိုပြုလုပ်မှုများကြောင့်လည်းကောင်း သတ်မှတ်စံနှုန်း(Criteria) များနှင့် မကိုက်ညီဟုဆိုကာ ပယ်ချခဲ့သော ကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်း သို့ဆက်လက်မတင်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

''သူတို့ပြောတာကတော့ အရင်ကသတ်မှတ်ထားတဲ့ Criteria တွေကိုပဲ ကြည့်ခဲ့တဲ့ သဘော ပေါ့။ ဒီလူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်ပေါ်လာတာတွေကိုထည့်မစဉ်း စားခဲ့ဘူးပေါ့။ ခုတော့တချို့ကလဲ ပြောတယ်။ဒါတွေကထည့်စဉ်းစား ပေးသင့်တယ်ဆိုတဲ့အတွက် ဒါတွေ ကိုလဲထည့်စဉ်းစားပေးလာပြီ။ ဒီ့ အတွက် ပုဂံကိုလာတင်ပါ။သူတို့ ပြန်ပြီး စဉ်းစားပေးပါ့မယ်ဆိုပြီး ယူနက်စကိုကပြောထားတာရှိပါ တယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောသည်။

မြန်မာ့ဓလေ့ထုံးစံများအရ ထီးတင်၊ ဆေးသုတ်ခြင်း၊ စေတီ ကျောင်းကန်ပြင်ဆင်ခြင်းများသည် လည်း လူနေမှုယဉ်ကျေးမှုအရဖြစ် ပေါ်လာသောအဖိုးတန်ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် သတ်မှတ် နိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် အချိန်ယူရ ဦးမည်ဖြစ်ပြီး စာရင်းဝင်နိုင်ရန် အတွက်သေချာသောပြင်ဆင်မှုများ ပြုလုပ်ပြီးမှသာ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခြင်းကိုဆောင်ရွက် သွားမည်ဟုသိရသည်။

လက်ရှိတွင် ပျူမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်ဆောင်ရွက်လျက်ရှိ ပြီး ဇွန်လတွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မဝင်ကို ယူနက်စကို အစည်းအဝေးဆုံးဖြတ်ချက်များမှ တစ်ဆင့်သိရမည်ဖြစ်သည်။

The Union Daily

No comments:

Post a Comment