Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 24, 2014

ပလက်ဖောင်းပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသူ၏ခေါင်းပေါ်သို့ (၅)လွှာရှိတိုက်ခန်းမှ ကွန်ကရစ်တုံးပြုတ်ကျခဲ့၍ သေဆုံး


ရန်ကုန်၊ မတ် ၂၄

၂၃.၃.၂၀၁၄ ရက်နေ့ ၁၉၃၀ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းအထက်ရပ်ကွက်၊ ဗညား ဒလလမ်းနှင့်သြဘာလမ်းထောင်ရှိ ကုဋေကြွယ်လက်ဖက်ရည်ဆိုင်ရှေ့ ပလပ်ဖောင်းပေါ်တွင် လက်ဖက်ရည်ထိုင်သောက်နေသူ ပျားရည်ကုန်းရပ်ကွက်နေ ဦးမင်းအောင်(၅၈)နှစ်၏ ဦးခေါင်းပေါ်သို့
တိုက်အမှတ်(၃၄၄)၊ (၅)လွှာ-စီ၏ အိမ်...ရှေ့ဝရန်တာ ရေကာဆန်းရှိတ်အစွန်းမှ အရှည်(၂) လက်မ၊ ထုနှင့်ဗျက်(၅)လက်မပတ်လည်ခန့်ရှိ ကွန်ကရစ်တုံးပဲ့ကျခဲ့၍ ၎င်းတွင် နဖူးစပ်မှ ၀ဲချိုစောင်းထိ စုတ်ပြဲဖူးရောင်
ဒဏ်ရာရရှိခဲ့သောကြောင့် ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြော
အထူးကုသဆောင်တွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိစဉ် ၂၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၅ အချိန်တွင် ရရှိသောဒဏ်ရာဖြင့်သေဆုံးသွား
ခဲ့ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်ပြီး တာမွေမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။
Credit: Yangon Police

No comments:

Post a Comment