Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 10, 2014

အနုပညာရှင်တွေဟာ ပရိသတ်ရဲ့ နောက်ရောက်နေလို့မရဘူးလို့ ဆိုလိုက်တဲ့ နေတိုး

ခင်ဆွေသက် on 2014-03-10 15:45ခုနောက်ပိုင်း ရုပ်ရှင်နဲ့ ဗီဒီယိုဆိုရင် ပေါ့ပေါ့ပါးပါးကြည့်နိုင်တဲ့ ဗီဒီယိုကိုသာ ရွေးချယ်လာကြပါတယ်။ ရုံမှာသွားကြည့်ပြီး ဇာတ်ကားတွေက ကြည့်ရှုသူတွေ လိုချင်တဲ့ ရသကို မပေးစွမ်းနိုင်တော့တာတွေကြောင့် လည်း ပါမယ်ထင်ပါတယ်။ အဲ့ဒီအခါမှာ ရုပ်ရှင်ရိုက်ကူးရေးတွေလည်း နည်းလာတော့တာပါပဲ။ အဲ့ဒါနဲ့ ပတ်သက်ပြီး နေတိုးက ‘ရုပ်ရှင်နည်းရခြင်း အကြောင်းအရင်းက ရုပ်ရှင်ဖန်တီးမှုအင်အားတွေ ကျဆင်းနေခြင်းကြောင့်ပါ။ ခေတ်ကလဲ မီဒီယာတွေ အင်တာတိန်းမန့်နဲ့ movie ကြည့်နိုင်တဲ့ နေရာတွေ များလာတယ်။ အိမ်မှာတီဗီတွေပေါ်လာတယ်။ ကွန်ပျူတာတွေပေါ်လာတယ်။ ပြီးတော့ရုံပေါ်မှာ တစ်ကူးတစ်က သွားကြည့်ဖို့အတွက်ကျတော့ ရုံတွေကလဲပြုပြင်ထားခြင်းမရှိတဲ့အတွက် ရုံအပေါ်မှာ ယုံကြည်မှုနည်းလာတယ်။ ရုံတွေအပေါ် စိတ်ညစ်လာတယ်။ အဲဒါကြောင့်မို့ ရုံတွေရဲ့ရှင်သန်မှုနှေးလာတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ဒီ၂၀၁၄ ထဲမှာတော့ တကယ့် ဒီဂျစ်တယ်ခေတ်မှာ ပြန်ပြီးတော့ ဒီစီဒီနဲ့ပြန်လည်အသက်ဝင်လာဖို့အတွက်တော့ ကြိုးစားနေရတယ်ပေါ့။ အားလုံးကတော့ ကြိုးစားနေကြတာပဲ။ တကယ့်အကောင်းဆုံးဆိုတဲ့ တင်ပြမှုတွေနဲ့ ရုပ်ရှင်ကို တင်ပြလာပြီဆိုတော့ ကြိုးစားမှုတစ်ခုပေါ့။ ဒါပေမဲ့ ဒီထက်မက ပိုပြီးပီပြင်တဲ့ သဘာဝဆန်တဲ့ ဖန်တီးမှုမျိုးတော့ လိုအပ်သေးတယ်လို့ပြောချင်ပါတယ်။ ပရိသတ်အကြိုက်နဲ့ ကျွန်တော့အကြိုက်ကတော့ မျှပြီးလုပ်ရမှာပေါ့နော်။ ပရိသတ်ကိုလဲ ကြည့်ရမယ်။ ပရိသတ်နဲ့ အဝေးကြီးသွားတင်ပြလို့လဲ မရသလို ပရိသတ်နောက်မှာလဲ ကျွန်တော်တို့ရှိနေလို့မရဘူး ။ ပရိသတ်နဲ့levelဖြစ်နေရမယ်။ တစ်ထပ်တည်းဖြစ်နေရမယ်။’လို့ ပြောပါတယ်။
Trend Myanmar

No comments:

Post a Comment