Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 22, 2014

ရွှေစည်းခုံစေတီဝင်းအတွင်း ကားပါကင်ဆောက်ရန် ရှေးဟောင်းမြေနံရံဖြိုချမှု ရပ်တန့်ရန် အရပ်ဖက်အဖွဲ့ တောင်းဆို


မန္တလေးတိုင်းဒေသကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုမြို့တော်အတွင်းရှိ သမိုင်းဝင်ရွှေစည်းခုံစေတီတော်ကြီးအား ပတ်လည် ကာရံထားသော မြေထိန်းနံရံများအား ကားပါကင်ဆောက်မည်ဟုဆိုကာ ရွှေစည်းခုံဂေါပကအဖွဲ့မှ အရှေ့တောင်ထောင့်ရှိ မြေထိမ်းနံရံကြီးအား ဖြိုချနေခြင်းမှ ရပ်တန့်ရန်အရပ်ဘက်အဖွဲ့စည်းဖြစ်သည့် ပုဂံချစ်သူများအဖွဲ့မှ ပုဂံရှေးဟောင်းဝန်ကြီးဌာနသို့ တောင်းဆိုထားသည်ဟု သိရှိရသည်။
အဆိုပါမြေထိန်းနံရံကြီးများမှာ စေတီတော်ကြီးအား သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် ရှေးမြန်မာမင်းများက ပြုလုပ် ထားသည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့်အတွက် ယခုလိုဖြိုချနေခြင်းမှာ ရှေးဟောင်းအမွေအနှစ်များအား များစွာပျက်စီး ထိခိုက်သောကြောင့် ရပ်တန့်ရန် တောင်းဆိုရခြင်းဖြစ်သည်ဟု သိရှိရသည်။
‘ဒီကိစ္စက လုံးဝမလုပ်သင့်တဲ့ကိစ္စပါ ရွှေစည်းခုံစေတီဆိုတာ အရမ်းရှေးကြတဲ့ အမွေအနှစ်တွေနဲ့ပြည့်နှက်နေတဲ့ နေရာပါ ဒါကို ဘုရားဂေါပကအဖွဲ့အနေနဲ့ ကားပါကင်ဆောက်ဖို့ ဖြိုချတယ်ဆိုတာ လုံးဝမလုပ်သင့်တဲ့လုပ်ရပ်ပါ ဒါကို ကျွန်တော်တို့ ပြင်းပြင်း ထန်ထန် ရှုံ့ချပါတယ်” ဟု ပုဂံချစ်သူများအဖွဲ့မှ ကိုဝင်းမောင်က ပြောသည်။
ရှေးဟောင်းအမွေအနှစ်များ မပျောက်ပျက်သွားစေရန် လှုမှုရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများမှ ထိန်း သိမ်းစောင့် ရှောက်မှုများ ပြုလုပ်နေချိန်တွင် ဂေါပကအဖွဲ့အနေဖြင့် တစ်စုံတရာအကြောင်းကြားချင်းမရှိဘဲ လုပ်ဆောင်နေချင်းများအား ရပ်တန့်ပေးစေချင်ကြောင်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ တာဝန်ရှိသူများထံလည်း အကြောင်းကြားထားသည်ဟု ဆိုသည်။
“ဒီကိစ္စက အရင်ဂေါပကအဖွဲ့က လုပ်ထားတဲ့ကိစ္စတွေပါ ကျွန်တော်တို့က ဂေါပကအဖွဲ့ထဲရောက်တာ သိပ်မကြာ သေးတော့ ခွင့်ပြုချက်ယူထားလား မယူဘူးလားဆိုတာ အတိအကျမပြေနိုင်ဘူးခင်ဗျ များသောအားဖြင့်တော့ ခွင့်ပြုချက်ယူပြီး လုပ်တာ များပါတယ်” ဟု ရွှေစည်းခုံဂေါပကအဖွဲ့ဝင် ဦးမြင့်ချိုက ပြောသည်။
၎င်းအနေဖြင့် ဂေါပကအဖွဲ့ဝင်အဖြစ် ၀င်ရောက်လုပ်ကိုင်သည်မှာ (၂) လ ၀န်းကျင်ခန့်သာရှိသေးကြောင်း၊ လက်ရှိဖြစ်နေ သောကိစ္စအား အတိအကျမပြောနိုင်သော်လည်း ယခင်လုပ်ကိုင်ခဲ့သမျှကိစ္စများမှာ ပုဂံရှေးဟောင်းယဉ် ကျေးမှု ဦးစီးဌာနသို့ ခွင့်ပြုချက်ရမှသာ လုပ်ကိုင်လေ့ရှိကြောင်း ၄င်းကဆိုသည်။
“လောလောဆယ်တော့ ခွင့်ပြုချက်ယူမယူဆိုတာကို အတိအကျပြောလို့မရသေးဘူး လက်ရှိလုပ်ကိုင်နေတာ တွေကိုတော့ ရပ်ခိုင်းထားပါတယ် ကွင်းဆင်းဆောင်ရွက်ပြီးမှပဲ အသေချာပြောနိုင်ပါလိမ့်မယ်” ဟု ပုဂံရှေး ဟောင်းဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးမျိုးဦးက ပြောသည်။
လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ထားကာ လုပ်ငန်းလုပ်ကိုင်နေမူများအား ရပ်တန့်ခိုင်းထားကြောင်း ခွင့်ပြုချက် ယူ၍လုပ်သော်လည်း ပြင်ပအင်ဂျင်နီယာများဖြင့် လုပ်ကိုင်ခွင့်မရှိဘဲ ရှေးဟောင်းယဉ်ကျေးမှု အဖွဲ့အစည်းမှ အင်ဂျင်နီယာများ ဖြင့်သာ လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်ယူထားခြင်းမရှိဘဲ လုပ်ကိုင်နေသည်ဆိုက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဟု သိရှိရသည်။

No comments:

Post a Comment