Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

လပွတ္တာမြို့အတွင်း ပြည်သူ့ဆေးရုံနှင့် သံဃာဆေးရုံ ပြန်ဖွင့်ရန် ဆန္ဒထုတ်ဖော်


ပုသိမ်၊ မဇ္ဈိမ။ ။ ဧရာဝတီတိုင်း လပွတ္တာမြို့  ပြည်သူဆေးရုံနှင့် သံဃာဆေးရုံ ပြန်ဖွင့်လှစ်ပေးရန် ပြည်သူ၅ဝဝကျော်က ဖေဖော်ဝါရီလ ၂၈ရက် နံနက် ၈နာရီခွဲမှ ၁၀နာရီခွဲ အထိ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ကာ ကြွေးကြော်သံများ ဟစ်ကြွေး၍ လပွတ္တာမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။

“အရင် ဆေးရုံးက မြို့ ထဲမှာရှိတယ်။ အခုတော့ (၃)မိုင်အကွာမှာ ခရိုင်ဆေးရုံ ပြောင်းဖွင့်တော့ သွားရတာ အဆင်မပြေတော့ဘူး။ အခက်အခဲတွေက တစ်ချို့သုံးဘီးဆိုင်ကယ်ပေါ်မှာ မီးဖွားရတာတို့ ဘာတို့ တောင်ဖြစ်တယ်။ အဲဒါကြောင့်မို့လိုလည်း ဆန္ဒဖော်ထုတ်တာပါ။ ဆေးရုံသစ်မှာဆို သံဃာဆောင်လည်းမရှိဘူး၊ လူတွေကြားမှာထားတယ်။ သံဃာဆေးရုံရော မြို့ ထဲကဆေးရုံရော ပြန်ဖွင့်ပြီး လုပ်ပေးစေချင်တယ်။ မြို့ အစွန်ကသူတွေဆို (၆)မိုင်လောက်သွားရတယ်။ သွားရတာဝေးတော့ မလိုလာအပ်တဲ့ သေဆုံးမှုတွေ ဖြစ်ကုန်တယ်။
ဆေးရုံကို မြို့ ထဲကရောက်ဖို့ ဆို (၁)နာရီလောက်ကြာတယ်”ဟု လပွတ္တာမြို့ ဆန္ဒဖော်ထုတ်သူ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် “လပွတ္တာ သံဃာဆေးရုံ ပြန်ဖွင့်လှစ်ရေး" "လပွတ္တာပြည်သူဆေးရုံ ပြန်ဖွင့်လှစ်ရေး" "မြို့ နယ်သူမြို့ နယ်သား ကျန်းမာရေး အဆင်ပြေရေး...ဒို့ အရေး" စသော ကြွေးကြော်သံများ၊ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လပွတ္တာဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည်။ လပွတ္တာမြို့ တွင် ကုတင်(၂၅)လုံးဆေးရုံကို ၂၀၁၁ခုနှစ် အောက်တိုဘာလ ၂၈ရက်တွင် ပိတ်ပြီး လပွတ္တာမြို့ နှင့် (၃)မိုင်အကွာတွင် ကုတင်(၂ဝဝ)ဆေးရုံကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့ကြောင့် ဒေသခံများက
ယခင် ဆေးရုံအား ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပြည်သူ(၅ဝဝ)ကျော်နှင့် ကျောင်းထိုင်ဆရာတော်များလည်း ပူးပေါင်းပါဝင်ခဲ့သည်။ ဆန္ဒဖော်ထုတ်ပွဲကို ဆုတောင်းပြည့်ဘုရားရှေ့မှ စတင်ကာ မြို့ ထဲဘုရားလမ်း၊ ကမ်းနားလမ်း၊ ကုန်သည်လမ်းနှင့် သြဘာလမ်း၊ စိန်ရတုလမ်းများကို လည့်လည်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက "ပြည်သူတွေ ဆေးရုံ အသစ်သွားဖို့ ဝေးတယ်။ အခက်အခဲဖြစ်တော့ သူတို့ တောင်းဆိုတာပါ။"ဟု မဇ္ဈိမကိုပြောသည်။

ဧရာဝတီတိုင်းအတွင်း ဖေဖော်ဝါရီလအတွင်း တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲများ၊ ဖွဲ့ စည်းပုံဥပဒေပြင်ဆင်ရေးများ၊ ဆေးရုံပြန်လည်ဖွင့်လှစ်ရေး ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့သည်။

စည်သူမောင်မောင်
Mizzima - News in Burmese


No comments:

Post a Comment