Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 12, 2014

“အရုပ်ကလေးကို ကျွန်တော်ပြန်မပေးပါ”

ဇာတ်လမ်း၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “အရုပ်ကလေးကို ကျွန်တော်ပြန်မပေးပါ” ဇာတ်ကားကို နေတိုး၊ ခင်ဝင့် ဝါ၊ ဆုမြတ်နိုးဦး တို့က သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယဉ် ဆန်သလို၊ သိပ္ပံလည်း ဆန်တဲ့ ဇာတ်လမ်းလေး ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်ကား နဲ့ ပတ်သက်ပြီး ဒါရိုက် တာ သည်ခေတ်နေက..

“ကောင်လေးက သိပ္ပံပညာရှင် ၁၄ရက်၊ ၃လ ၁၉၈၆ မှာ သူ့ကိုမွေးလာတယ်။ ၁၄ရက် ၃လဟာ အိုင်း စတိုင်းကို မွေးခဲ့တဲ့မွေးနေ့၊ မွေးလ အဲဒါက အစ သူနဲ့ တစ်ထပ် တည်းတူ တယ်။ အဲဒီလို တူနေတာကို သူစွဲ လမ်းခဲ့တယ်။ ကိုးတန်း မှာ သိပ္ပံဘာ သာကို ရူးသွပ်ပြီး သိပ္ပံယူတယ်။ ဆယ်တန်းမှာ သိပ္ပံကို ဂုဏ်ထူး ထွက် ရမယ် ဆိုပြီး စာတွေ အသေ ကျက်ခဲ့ တယ်။ တကယ် စာမေးပွဲဖြေခါနီး ၂ ရက် ၃ရက် ကျတော့ မဖြေနိုင်တော့ဘဲ မူးလဲပြီး ဆေးရုံရောက်သွားတယ်။ အဲဒီကစပြီး သူ သိပ္ပံပညာ ရှင်ဖြစ်ချင် တဲ့ ရောဂါစခဲ့တယ်။ တစ်နေ့ကျ တော့ မထင်မှတ်ဘဲ နဲ့ သူ့အခန်းထဲ မှာပဲ သိပ္ပံပညာ ပစ္စည်းတွေ၊ဖန်ပြွန် တွေ၊ ဓာတုနဲ့ ဆိုင်တာတွေ၊ ဖော် မြူလာတွေ၊ အီကွေး ရှင်းတွေ နဲ့ လူ သားအရုပ်လေး တစ်ရုပ်ကို ဖန်တီး နိုင်ခဲ့တယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ သိပ္ပံပညာရှင်ဖြစ် ချင်နေတဲ့ ကောင်လေး အဖြစ် နေ တိုးက သရုပ်ဆောင် ထားပြီး အရုပ် မလေး ပုံစံနဲ့ သာမန် မိန်းကလေး တစ် ယောက် ပုံစံနှစ်မျိုးကို ခင်ဝင့်ဝါက သရုပ်ဆောင်ထားပါတယ်။


ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:

Post a Comment